Chapter - 24

76.9K 4K 833
                                    

Unicode
~~~~~~~

အဖြူ ရောင်ဝတ်စုံအား သန့်ပြန့်အောင်ဝတ်ဆင်ထားပြီး မီးဖိုခန်းထဲ၌ ချက်ပြုတ်နေသည့်ယီရှင်းအား ဟေးယောင်ငေးကြည့်နေ၏ ။သူယီရှင်းကို လိုက်ကြည့်နေသည့်တစ်ချိန်လုံး သူသတိထားမိလိုက်သည်က ယီရှင်းဟာ အသက်ငယ်ရွယ်သည့် လူငယ်ပမာ ပေါ့ပါးစွာနေခြင်းမျိုးမရှိပဲ အမြဲသန့်လွင်ပြီး သပ်ရပ်စွာနေတတ်သည် ။

အသက် ၂၀ အရွယ်နှင့် မလိုက်အောင်ပင် ရင့်ကျပ်လွန်းသည် ။ ပန်းဆီရောင်ဆံနွယ်တွေနဲ့  သူ့ရဲ့ဖြူ ဥနေသည့် အသားအရေက တောင့်တင်းပြီး ကြံ့ခိုင်သည့် ခန္ဓာကိုယ်လေးနှင့် ပနံသင့်လှသည် ။ ဟေးယောင်က ယီရှင်းအား သူ့ထက် လပိုင်လေးပဲငယ်မယ်ဟု ထင်ထားပေမဲ့ ၅ နှစ်မျှငယ်သည်ဆိုတာမယုံကြည်နိုင်ပေ ။ ယီရှင်းအရပ်က ဟေးယောင်ထက်ပင် ခေါင်းတလုံးသာနေခြင်းကြောင့်ဖြစ်သည် ။

ဟေးယောင် ယီရှင်းအား နှံ့နှံ့စပ်စပ်ကြည့်ရှုနေခိုက် ယီရှင်းက အစားအသောက်များ ပြင်ဆင်ပြီးသွား၍ စားပွဲပေါ်သို အစီအရီချပြီးနေချေပြီ ။

" ခများ ညစာမစားရသေးရင် တစ်ခါတည်းဝင်စားလိုက်ပါ …… ကျနော်ပိုချက်ထားတယ် "

ဟေးယောင်က လက်ပေါ်မေးတင်ကာ ယီရှင်းအား ငေးကြည့်နေရင်းမှ ပြန်ဖြေလိုက်သည် ။

" ရှင်းပဲစားပါ ……ကိုယ်က ရှင်းကိုကြည့်နေရရင် ဗိုက်ပြည့်နေပြီ "

ယီရှင်းက ဘာမှပြန်မဆိုပဲ ခေါင်းငုံ့ကာ အစားတွေကိုသာစားနေလိုက်သည် ။ ဒီအိမ်မှာနေရင်တော့ ဟေးယောင်ကို မမြင်ချင်ရင်တောင် သူမနေ၍မရပေ ။ ဒီနေ့က အလုပ်နားရက်မို့ ယီရှင်းအိမ်မှာနေတဲ့အခါ ဟေးယောင်လဲ ဘယ်မှမသွားအိမ်မှာပဲ ရှိနေသည် ။

မနက်ပိုင်းက အိမ်သန့်ရှင်းရေးလုပ်တော့လဲ လုပ်မကူတဲ့အပြင် လူကိုအနေခက်အောင်လိုက်ကြည့်နေ၏ ။ နေ့ခင်းဘက် တရေးတမောအိပ်ပြန်တော့လဲ ဘယ်အချိန်ကမှန်းမသိ အနားမှာလာပြီး ဖက်အိပ်နေပြန်သည် ။  ယီရှင်းတွေးရင် ဟေးယောင်နှင့်ဆက်ပြီး ပတ်သပ်မှုကို ဖြတ်တောက်ရန်အတွက် ဆုံးဖြတ်ချက်ချလိုက်သည် ။ သူက စားနေရင်းမှ တူကိုချလိုက်ပြီး စကားဆိုမည်ပြုလိုက်တော့ ဟေးယောင်က အထုပ်တစ်ခုအား ယီရှင်းထံလှမ်းပေးကာ အရင်စကားဆိုလာသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now