Happy Valentine Day ( Rs တွေရဲ့ ro နည်းပေါင်းချုပ် )

28.2K 2.1K 204
                                    

#Zawgyi

ကျူးယီရှင်း 💕 ဂျွန်ဟေးယောင် 👬
~~~~~~~~~~~~~~~~~~~~~~~~~~

" ကိုကို "

" ဟင် … ရှင်း ဒီနေ့အလုပ်မသွားဘူးလား "

ဟေးယောင်တစ်ယောက် အိမ်တော်အတွင်းရှိ ခြံဝန်းထဲက ပန်းခင်းလေးနဘေး ခုံတန်းလေးပေါ်မှာ မနက်ခင်းနေရောင်ခြည်နုနုလေးကို ခံစားရင်း စာအုပ်တစ်အုပ်ကို လက်ကကိုင်ကာ ဖတ်နေခြင်းဖြစ်သည် ။ မနက်အစောကတည်းက ရှင်းကိုမမြင်၍ အလုပ်သွားပြီဟု ထင်မှတ်ထားခြင်းဖြစ်သည် ။

အနီရောင်ကုတ်အင်္ကျိကို ဝတ်ဆင်ထားပြီး အနီရောင်ဆွယ်တာကို လည်ပင်းတွင်ရစ်ပတ်ထားသည် ။ ဦးခေါင်းက အနီရောင်ဆံနွယ်လေးတွေက လေနှင့်အတူ ဝဲပျံနေပြီး နေနတ်သားလေးတစ်ပါပမာပင် ။ စူးရဲနေသည့် သူ့ရဲ့အကြည့်တွေက တောက်ပနေ၏ ။

" ရှင်း … ပြောစရာရှိလို့လား "

ဟေးယောင်ထမည်ပြင်လိုက်တော့ ရှင်းက ဟေးယောင် အရှေ့သို့ ချက်ချင်းလျှောက်လာပြီး ဒူးထောက်ကာ ထိုင်ချလိုက်အသည် ။

ပြီးနောက် အနောက်တွင် တစ်ချိန်လုံးဖွက်ထားသည့် အသဲပုံဘူးလေးတစ်ခုကို ထုတ်ယူကာ ဟေးယောင်ထံကမ်းပေးလိုက်သည် ။

" Happy Valentine Day 🥳 ပါ ကိုကို ……

ဒါက ကိုကို့အတွက် ချောကလပ် "

ဟေးယောင်မျက်ဝန်းလေးတွေတောက်ပလာပြီး ကျေနပ်စွာပြုံးပြကာ ရှင်းလက်ထဲက ဘူးလေးကို လှမ်းယူလိုက်သည် ။

" ရှင်း မနက်အစောကြီး ထွက်သွားတာက ဒါအတွက်လား "

" ကျနော် အလုပ်ရှုတ်နေတာနဲ့ ကိုကိုနဲ့အချိန်မကုန်ဖြစ်ဘူး ……

ဒီနေ့တော့ ကျနော် ကိုကို့အနားမှာပဲ နေမယ်နော် "

" ရှင်းသဘောပါ ……

ပြီးတော့ လက်ဆောင်အတွက် ကျေးဇူးပါနော် "

ရှင်းက ထိုင်ရာမှထပြီး ဟေးယောင်ခြေထောက် ၂ ဖက်ပေါ် ခွထိုင်လိုက်သည် ။ ပြီးနောက် ဟေးယောင်ပခုံးလေးအားဖက်ကာ နှုတ်ခမ်းလေးအား အသာအယာနမ်းလိုက်သည် ။

" ကျနော်တို့ကြားမှာ ဒါတွေပြောစရာမလိုဘူးလေကိုကိုရဲ့ "

" ကို့ရဲ့ရှင်းက ကလေးလေးလား ဟမ် ……

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now