Chapter - 45

49.6K 3.2K 359
                                    

Unicode
~~~~~~~

Chapter-45

အချစ်တစ်ခုမှာ သံသယတစ်ခု ဝင်ရောက်လာပြီဆိုရင် ဘယ်လောက်ပင် ရူးခါနေသည့် အချစ်ဖြစ်နေပါစေ မြေပြင်ပေါ်သို့ ကြသွားသည့် ဖန်ခွက်လေးလို အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရသည် ။ အချစ်တစ်ခု ဖြစ်ပေါ်လာဖို့ခက်ခဲပေမဲ့ အချစ်တစ်ခုကို ဖျက်ဆီးပစ်ဖို့က လွယ်ကူလွန်းသည် ။ အချစ်တစ်ခုမှာ ပွင့်လင်းမှုမရှိတဲ့အခါ အထင်လွဲမှားမှုတို့နှင့်အတူ အဆုံးသတ်၌ နာကျင်ရတတ်သည် ။

ဟေးယောင်ဟာ ယီရှင်းအပေါ် ရူးမိုက်စွာ စွဲလမ်းသွားပေမဲ့ သူလဲအသိတရားရှိတဲ့လူသားတစ်ယောက်ဖြစ်သည့်အတွက် အချိန်ကြာလာသည်နှင့်အမျှ သူ့အာရုံထဲတွင် မေးစရာမေးခွန်းများရှိလာ၏ ။ သူမရှိပဲ ဒီလိုအစောင့်အကျပ်များလှသည့် အိမ်တော်ကြီးမှာ ယီရှင်းဘယ်လိုနေထိုင်နေလဲ ။ အချိန်တိုင်းသူ့ကိုလာမတွေ့ပဲပစ်ထားတာဟာ ဘယ်လိုကိစ္စတွေရှိနေလို့လဲ ။ ဟေးယောင်းအတွေးများဖြင့် စိတ်ပူပန်နေရပြီ ။

ယီရှင်းသူ့အချစ်ကို လက်မခံမခြင်း ဒီအခန်းထဲကနေမထွက်ဘူးဟု စိတ်ဆုံးဖြတ်ထားသည့် ဟေးယောင်ဟာ တံခါးလေးရှိရာသို့ ဦးတည်ကာ လျှောက်လှမ်းလာသည် ။ တံခါးမှာရှိနေတဲ့ ကုဒ်နံပါတ်ကိုနှိပ်လိုက်တော့ သူထားထားသည့် ကုဒ်နံပါတ်ဖြစ်နေ၍ လွယ်ကူစွာပဲ အခန်းတံခါးပွင့်လာ၏ ။

သူ့ရဲ့ကိုယ်ပေါ်မှာ ယီရှင်းပေးထားသည့် ဝတ်စုံအားဝတ်ဆင်ထားခြင်းကြောင့်အခန်းအပြင်သို့ လွတ်လပ်စွာဖြင့်ထွက်လာနိုင်ခဲ့သည် ။ အချိန်အတော်ကြာ အခန်းထဲမှာ နေခဲ့ရသည့်အတွက် ပြတင်းပေါက်မှကျရောက်လာသည့် နေရောင်ခြည်အောက်၌ရပ်ကာ ဟေးယောင်တစ်ယောက် သဘာဝရဲ့အနွေးဓာတ်ကို ခံစားနေမိသည် ။ ပြီးသွားတော့ သူဦးတည်ကာ သွားနေသည့်အရပ်က အိမ်အောက်ထပ်ဆီသို့ ။

ဧည့်ခန်းတွင်းမှာ မည်သူမှရှိမနေဘူး ။ မီးဖိုခန်းထဲမှာတော့ ချက်ပြုတ်သံတွေကိုကြားနေရသည် ။ ဟေးယောင်စိတ်ထဲတွင် ယီရှင်းအထင်နဲ့ အပြေးသွားကြည့်မိတော့ မြင်လိုက်ရသည်က သူအရမ်းမုန်းသည့် မိန်းမကြီးဖြစ်နေသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now