Chapter - 76

38.4K 3.1K 368
                                    

Unicode
~~~~~~~

Chapter - 18

အချစ်က လူကိုပေါက်ကရ လုပ်စေသလား ?
---------------------------------------------------

အောင်စာရင်းထွက်မည့်နေ့ ……

" ယွင်ရှန့် ……ဒီနှစ်မှာလဲ မင်း အဆင့် 1 ရမယ်လို့ထင်လား "

" ငါမမျှော်လင့်ထားဘူး ……ဒီနှစ်က ကျောင်းသားသစ်တွေလဲများတယ် ……အဆင့်များတာထက် ငါရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက်ပဲ ငါကြိုးစားချင်တယ် "

" ဆိုတော့ ဒီလပတ်တွေကို စိတ်ထဲမထားပဲ နောက်ဆုံးစာမေးပွဲကြီးမှာ ကြိုးစားမယ်ဆိုတဲ့သဘောလား "

" ဟုတ်တယ် ……ငါရဲ့အိမ်မက်က နိုင်ငံခြားပညာသင်စုရဖို့အတွက်ပဲ ……အမှတ်ကောင်းကောင်းရရင်ကျေနပ်ပြီ ……ဒီတော့ နောက်ဆုံးစာမေးပွဲကငါ့အတွက်အရေးကြီးဆုံးပဲ "

ရှင်းနဲ့ ယွင်ရှန့်ဟာ စကားပြောရင်း အောင်စာရင်းစာရွက်ကို ကျောင်းအုပ်နံရံမှာ ချိတ်ဆွဲထားသည့် နေရာသို့ သွားကြည့်နေခြင်းဖြစ်သည် ။ထိုနေရာ၌ လူများ စုဝေးနေပြီး တိုးကာကြည့်ရန်ပင်မဖြစ်နိုင်ခြေ ။ ယွင်ရှန့်က ဆက်မသွားတော့ပဲ နေရာ၌ ရပ်လိုက်ပြီး ရှင်းအား လှည့်ကြည့်ကာ ဆိုလိုက်သည် ။

" လူတွေအများကြီးပဲ …… လူရှင်းမှသွားကြည့်ရအောင် "

ရှင်းလဲ သဘောတူလိုက်ပြီး လူရှင်းတဲ့ထိ ရပ်စောင့်နေလိုက်သည် ။

ထိုစဉ် အမှတ်စာရင်းကြည့်ပြီး ပြန်ထွက်လာသည့် ကျောင်းသူတစ်ချို့ တီးတိုးစကားသံတွေကို ယွင်ရှန့်ကြားနေရသည် ။

" ငါတို့ရဲ့နတ်သားလေးကတကယ်ကိုတော်တာပဲ "

" သူကတော်မှာပေါ့ ……နိုင်ငံခြားမှာကျောင်းတတ်လာတာလေ …… ဒီနှစ်တော့ ငါတို့ C University က နာမည်အကြီးဆုံးဖြစ်မှာအသေအချာပဲ "

" ဟဲ့ …… တချို့ A နဲ့ B University က ကျောင်းသူတွေတောင်မှ ငါတို့ C ကိုကျူ းကျော်ပြီး ရှောင်သခင်လေးကို လာချောင်းကြတယ်ဆိုပဲ …… ငါတို့ကိုအမြဲကံဆိုးတယ်ပြောတဲ့သူတို့တွေ ခုတော့ပြန်ခံရပြီ "

ကျောင်းသူမလေးတွေက ရယ်မောကာကျေနပ်အားရပြောဆိုနေကြလေသည် ။  ယွင်ရှန့်ကတော့ သူမတို့စကားတွေကိုနားထောင်ရင်း တစ်ချက်ပြုံးမိသွားပြီး ချက်ချင်းပြန်တည်ကာ လူရှင်းသွားတော့မှ အောင်စာရင်းအား အကဲခပ်ကြည့်လိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now