Chapter - 49

46.1K 3.5K 424
                                    

Unicode
~~~~~~~


တဒင်္ဂလေးပျော်ရွှင်မှုအတွက် အကြောင်းအကျိုးမစဉ်းစားပဲ လုပ်လိုက်မ်ိတဲ့ အရာတစ်ခုကြောင့် တစ်ဘဝလုံး နောင်တ တရားတွေနဲ့ အဖော်ပြုရတတ်သည် ။

တကယ်တော့ လူသားအားလုံးဟာ ခဏတာ သာယာမှုဆိုတဲ့ စိတ်လေးကိုအလိုလိုက်ပြီး ရူးသွတ်မှုတွေကို ရက်စက်မှုတွေနဲ့ ရောယှက်ပြီး ပျော်ပျော်ကြီး ကျူးလွန်ပြီးမှ နောင်တရလေ့ရှိကြသည့် လူတွေကြီးပင်ဖြစ်သည် ။

" မသွားနဲ့ ...... ထွက်မသွားနဲ့ "

' ဟောဟဲ ... ဟောဟဲ '

လုဖန်တစ်ယောက် မောဟိုက်စွာဖြင့် အိမ်မက်ဆိုးတွေကနေ နိုးထလာခဲ့ခြင်းဖြစ်သည် ။ နာရီကိုကြည့်လိုက်တော့ ညနေ ၄ နာရီပင်ရှိနေခြေပြီ ။ မနက်ပိုင်းက ယွင်ရှန့်နှင့် Play ပြီး နေ့ခင်းဘက်အိပ်ပျော်သွားရာကနေ ညနေမှ နိုးထလာခြင်းဖြစ်သည် ။

အိမ်မက်ထဲမှာ ဘယ်လိုတွေကြုံတွေ့နေရလဲဆိုတာ မမှတ်မိတော့သလို ပုံရိပ်တွေဟာလဲ ရေပြင်ပေါ်မှာရေးဆွဲထားသည့်အရုပ်ပမာ နိုးထလာတိုင်း စိတ်ထဲတွင် စွဲမြဲမနေပဲ ပျောက်ကွယ်သွားလေသည် ။ လုဖန် သူ့ရဲ့ဘေးနားက အိပ်ယာခင်းကိုစမ်းကြည့်လိုက်တော့ အေးစက်စက်ကွက်လပ်တစ်ခုသာ ကျန်ရှိနေလေသည် ။

ယွင်ရှန့်ဘယ်အချိန်ကတည်းက ထသွားလဲ သူမသိသလို သူလုပ်ခဲ့မိတဲ့အရာတွေကို ပြန်စဉ်းစားမိတိုင်း စိတ်ရှုတ်ထွေးသွားပြီး မှားလားမှန်လားပင် မခွဲခြားတတ်တော့ပေ ။ ပြီးနောက် ရှုတ်ထွေးနေသည့်စိတ်တွေကို ရှင်းလင်းသွားရန် ရေမိုးချိုးရန်အတွက် BDSM Room ထဲမှ ထွက်လာပြီး အခန်းထဲသို့ပြန်လာခဲ့လေသည် ။

လွန်ခဲ့သော တစ်နာရီခန့်က အောက်ထပ်တွင်တော့ မိုခွန်းတစ်ယောက် ယွင်ရှန့်ရဲ့ ရေချိုးခန်အရှေ့မှာရပ်နေပြီး ဘာလုပ်ရမည်မသိ စဉ်းစားရခက်နေ၏ ။ ယွင်ရှန့်အပေါ်ထပ်ကနေ ပြေးဆင်းလာသည့်အချိန်ကစပြီး မိုးခွန်းအနောက်မှလိုက်သွားခဲ့ခြင်းဖြစ်ရာ ယခုဆို ရေချိုးခန်းထဲမှာ ရှိနေတာဟာ နာရီဝက်ခန့်မှကြာနေခြေပြီ ။

ဘာသံမှလဲမကြားရသလို ခေါ်ပြန်လျင်လဲ ပြန်မထူးပဲ တိတ်ဆိတ်နေ၏ ။ ဒီလိုမျိုး ယောက်ျားပျိုတစ်ယောက် ရေချိုးနေတဲ့ အခန်းထဲကို ဝင်ရန်အတွက် မိုခွန်းအဖို့တော့ ခက်ခဲနေ၏ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now