Chapter - 56

51.5K 3.3K 460
                                    

Unicode
~~~~~~~

Warning 🌚🌚

လုဖန်ရဲ့ခြေလှမ်းတွေက ခုတင်ပေါ်ကကောင်လေးထံ တရွေ့ရွေ့လျှောက်လှမ်းလာ၏ ။ သူ့ရဲ့လက်တွေက ဒေါသကြောင့်တုန်ရင်နေပြီး ဒီအဖြစ်အပျက်အား လက်မခံနိုင်ပေ ။  အတ္တကြီးသည်ပြောပါစေ သူပိုင်တဲ့ အရာကို သူတစ်ယောက်ထည်းသာ ပိုင်ဆိုင်ချင်သည် ။ တစ်စုံတစ်ယောက်ထိကိုင်တာမျိုး သူခွင့်မပြုနိုင်ဘူး ။ လုဖန်က ယွင်ရှန့်မျက်နှာအား စိုက်ကြည့်နေပြီး နှုတ်မှလဲ စကားများ အဆက်မပြတ် ရေရွတ်နေ၏ ။

" ငါတစ်ချိန်လုံး မင်းနဲ့ အတူဆက်ဆံခဲ့တာတောင် မင်းငါ့ကိုတစ်ကြိမ်မှ ဒီလိုမျိုးမကြည့်ခဲ့ဘူး …… မင်းငါ့ကို အားကိုတကြီး ဆုပ်ကိုင်ထားတဲ့လက်တွေကိုလိုချင်ပေမဲ့ မင်းအမြဲ တွန်းထုတ်ခဲ့တယ် …… မင်းပါးစပ်က ညည်းငြူ သံတွေကြားချင်ပေမဲ့ မင်းခေါင်းမာစွာနဲ့ ငြိမ်နေခဲ့တယ် …… မင်းရဲ့တောင့်တနေတဲ့ ဒီပုံစံကိုမြင်ချင်ပေမဲ့ မင်းငါ့ကိုအေးဆက်စွာနဲ့ တုန့်ပြန်ခဲ့တယ် ……

ဒါဘာသဘောလဲ …… ငါမေးနေတယ်လေ … ဘာသဘောလဲ "

ယွန်ရှန့်က ခုချိန်မှာ ဆေးအရှိန်ကြောင့် အသိစိတ်လွတ်နေကာ ရီဝေဝေမျက်ဝန်းလေးများနဲ လုဖန်အား စိုက်ကြည့်နေမိသည် ။ လုဖန်ထိုအခြေအနေအား ဆက်ပြီးထိန်းချုပ်မထားနိုင်ပဲ စိတ်လွတ်ကိုယ်လွတ် ဆက်ဆံချင်ပေမဲ့ မိုခွန်းနဲ့ဖြစ်ပျက်နေတဲ့ ထိုမြင်ကွင်းကြောင့် သူ့ရဲ့စိတ်ထဲမှာ နာကျင်လာစေပြီး သူ့အားအလိုမရှိတဲ့ ယွင်ရှန့်အား ထားခဲ့ကာ ထွက်သွားမည်ဟု ဆုံးဖြတ်လိုက်၏ ။ ပြီးနောက် ယွင်ရှန့်အား ရင့်သီးစွာဆိုလိုက်သည် ။

" မင်းကို ဒီထဲမှာပဲ သေတဲ့ထိပိတ်လှောင်ပြစ်မယ် …… ငါမင်းကိုအလိုမရှိတော့ဘူး …… ငါ့ကိုပျော်ရွှင်မှုမပေးပဲ အမြဲစိတ်ဒါဏ်ရာပေးတဲ့ အရုပ်ကို ငါမလိုချင်တော့ဘူး …… မင်းကငါ့ရဲ့ စွန့်ပြစ်အရုပ်ဖြစ်သွားပြီ …… လင်ယွင်ရှန့် "

လုဖန်ရဲ့စကားတွေကအေးစက်နေပြီး ခံစားချက်ပါ၍လား ဒီတိုင်းပြောလိုက်ခြင်းလား မခွဲခြားနိုင်သလို သူပြောနေသည့်တစ်လျှောက်လုံး ယွင်ရှန့်အား မကြည့်ပဲ မျက်ဝန်းတွေကိုပိတ်ထားသည် ။ ထိုစဉ် ယွင်ရှန့်ရဲ့ လက်နုနုလေးတွေက သူ့အရှေ့မှာရပ်နေသည့် လုဖန်လက်လေးအား တုန်ရင်စွာဖြင့် ဆုပ်ကိုင်လိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now