Chapter - 27

73.1K 3.4K 275
                                    

Unicode
~~~~~~~

ရေပတ်လည်ဝိုင်းနေသည့် ကျွန်းလေးတစ်ခု၏ အလည်တွင် လှပခန်းနားလှသည့် နန်းတော်သမျှကြီးမားကျယ်ပြန့်သည့် အိမ်တော်တစ်လုံးတည်ရှိနေသည် ။  ကျွန်းဖြစ်၍ ကားတစ်စီးတစ်လေမှ ရှိမနေပဲ လေယာဉ်ကွင်းထဲတွင် လေယာဉ်စီးပေါင်း မြောက်များစွာ ရှိနေ၏ ။

အိမ်တော်ကြီး၏ ဝဲဘက်မျက်နှာတွင် ပန်းခင်းလေးတစ်ခုတည်ရှိနေပြီး ထိုပန်းခင်းလေး၏ ဒေါင့်တစ်နေရာ၌ ထိုင်ခုံလေးတစ်လုံးအပေါ်တွင် လူ ၂ ယောက်ထိုင်နေ၏ ။ ပင်လယ်ရေမျက်နှာပြင်ရဲ့ တလပ်လပ်တောက်ပနေသည့် ပုံသဏ္ဍာန်က နေ့ခင်းဘက်တွင် ညကောင်းကင်၌ ကြယ်ရောင်တွေကို မြင်တွေ့ရသည်နှင့် တူညီလှသည် ။

ပန်ဆီရောင်ဆံသားလေးတွေက လေအလွှင့်၌ ဝဲပျံနေပြီး သူမရဲ့အလှက ကဗျာပင်ဖွဲ့မမှီအောင်လှပနေသော်လဲ မျက်နှာ၌ အပြုံးဟူ၍ မရှိပေ ။ သူမက ရင်ခွင်ထဲ၌ ၄ နှစ်အရွယ်ခလေးငယ်ကို ပွေ့ချီထားရင်း ပင်လယ်ရေမျက်နှာပြင်အား မှိုင်တွေစွာ ငေးကြည့်နေလေသည် ။

" မေမေ …… သားတို့ကို ဖေဖေ ဘယ်တော့လာခေါ်မှာလဲဟင် "

သူမက ရင်ခွင်ထဲက သားလေးရဲ့ခေါင်းကို ဖွဖွလေးကိုင်လိုက်ရင်း ……

" သားဖေဖေက မေမေတို့ အန္တရာယ်ကင်းအောင် ဒီကျွန်လေးပေါ်ကိုပို့ထားခဲ့တာလေသားရဲ့ …… ဖေဖေလာခေါ်တဲ့အချိန်ထိ စောင့်ကြတာပေါ့ "

" ကိုကိုမုရော …… ကိုကိုမုဘယ်မှာလဲ "

" ကိုကို့မုကို ဖေဖေခေါ်သွားတယ် …… ရှင်းလေးကငယ်တော့ အိမ်မှာပဲကစားရမယ်နော် "

" ဟင့် …… ကိုကိုနဲ့သားသား အသက်တူတူပဲကို ဖေဖေကသားကိုချစ်ဝူး "

ငိုပြီး ဆင်းပြေးသွားသည့် သားငယ်လေးအား သူမမှိုင်ထွေကာငေးမောကြည့်နေမိလေသည် ။ ယီရှင်းရဲ့ငယ်ဘဝဟာ ကျွန်းငယ်လေးပေါ်မှာပဲ အသက် ၆ နှစ်ထိ နေခဲ့ရပြီး ဖခင်အား တစ်လမှတစ်ကြိမ်မျှသာ တွေ့ခွင့်ရခဲ့သည် ။  အမြဲတမ်း အစောင့်တွေဘေးမှာစောင့်ကြည့်နေခြင်းခံရပြီး အကျယ်ချခံထားရသည်နှင့်ပင် မခြားနားပေ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now