Chapter - 103

34.3K 2.7K 189
                                    

Unicode
~~~~~~~


🏯 ရှောင်အိမ်တော် 🏯

" Baby ခွန်း "

Dong ရဲ့ခေါ်သံတွေက မိုခွန်းအတွက် အတော်လေး စိတ်အနှောက်အယှက်ဖြစ်စေသည် ။ ဒီရက်တွေမှာ မိုခွန်း Dong အား သိသိသာသာကို ရှောင်ဖယ်နေခဲ့သည် ။အကြောင်းက BDSM အခန်းထဲက ကိစ္စတွေပြီးသည့်နောက် မျက်နှာမပြရဲတာလဲပါသည် ။ သူလိုမွေးကတည်းက မြင့်မြတ်တဲ့သခင်လေးဘဝကိုရရှိခဲ့ပြီး အရာရာမှာ ထူးချွန်ထက်မြတ်ကာ ရှောင်သခင်လေးဟု ပြောလိုက်ယုံဖြင့် အားလုံးက မော်မကြည့်ရဲလောက်အောင် ရှိန်ရသည့်သူ ဖြစ်ခဲ့သည့်သူက ယခုလို လူ့ကွစာ နိုင်ငံခြားသား လက်ထဲမှာမှ အရှက်ခွဲမခံနိုင်ပေ ။

သို့ပေမဲ့လဲ သူကြိုးစားမှုတိုင်းက အရာမထင်ခဲ့ဘူး ။ အကြောင်းက ရှောင်သခင်ကြီးတို့အရှေ့မှာ Dong ဆိုသူက သူတော်ကောင်းကြီးလိုနေပြပြီး သခင်ကြီးတို့ထွက်သွားပြီဆိုရင်ဖြင့် နတ်ဆိုးတစ်ပါးပမာ မိုခွန်းအား အမြဲနှောက်ယှက်သည် ။ ယခုလဲ သခင်ကြီးနှင့် သခင်မကြီး အလုပ်ကိစ္စနှင့် အပြင်ထွက်သွားပြီဖြစ်၍ မိုခွန်းအား ရှောင်အိမ်တော်အနှံ့လိုက်ရှာနေခြင်းဖြစ်လေသည် ။

" Baby ခွန်းရေ ......ခွန်းလေး ......ကိုယ်ရှာတွေရင် အပြစ်ပေးမှာနော် ......ခုထွက်လာခဲ့တော့ "

သူထိုသို့ ဦးနောက်မရှိလုပ်တိုင်း တခြားသူတွေ အိမ်ဖော်များကအစ မိုခွန်းကွယ်ရာမှာ ရယ်နေကြသည် ။ သူ့အရှေ့က အတွင်းရေးမှုးကအစ ရယ်နေ၏။လုပ်ချင်ရာ လုပ်နေရရင်ပျော်နေသည့် ထိုလူကတော့ ကရုစိုက်ပုံမပေါ် ။  သူတို့အဖြစ်ကို လျှောင်ရယ်ခံနေရသည့် မိုခွန်းကတော့ အတော်လေး စိတ်အနှောက်အယှက်ဖြစ်ရသည် ။

" စိတ်ရှုတ်လိုက်တာကွာ "

မိုခွန်းက သူ့အရှေ့မှာ ပြုံးစိစိနဲ့ ရပ်​နေသည့် အတွင်းရေးမှုးအားကြည့်ကာ အော်ငေါက်လိုက်သည်။

" မင်းက ဘာရယ်တာလဲ ......ငါပြောတဲ့ထဲမှာ ရယ်စရာပါလား "

" မ ... မပါပါဘူးသခင်လေး "

" သွားတော့ ......ဒီဖိုင်တွေကို အဖေ့ကိုသွားပေးလိုက် ......ငါဒီနေ့အလုပ်ကိုမလာတော့ဘူးလို့ပြောလိုက် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now