Chapter - 89

37.4K 3.7K 293
                                    

Unicode
~~~~~~~

လုဖန်အိမ်ကိုပြန်ရောက်တော့ အထုပ်တွေကို စားပွဲပေါ်ချပြီး မောပန်းစွာဖြင့် ထိုင်ခုံပေါ်ထိုင်ချလိုက်သည် ။ စားပွဲပေါ်မှာ အရန်သင့်ချထားသည့် ရေအေးအေးလေးအား မော့သောက်လိုက်ရင်း သူ့ရှေ့ အိမ်သို့ ရောက်နှင့်နေသည့် ယွင်ရှန့်အား ရှာဖွေနေမိသည် ။ ပတ်တီးအဖြူစည်းထားသည့်သူ့လက်အား လည်ပင်းမှာသိုင်းထာသည့် ကြိုးကွင်းလေးထဲပြန်စွပ်လိုက်ကာ လုဖန်ထိုင်ရာကနေထမည်ပြင်တော့ ပြေးလာသည့်ခြေသံများကြောင့် လှည့်ကြည့်လိုက်ရာတွင် နန်းလီနဲ့ ယွင်ရှန့်ကိုတွေ့လိုက်ရသည် ။

" ဝါးးး … အများကြီးပဲ ……အဆောင်ကအစားတွေပဲစားနေရတာ ငြီးငွှေ့လာပြီ ……ကိုကို့လက်ရာကိုလွမ်းနေတာ "

" ဟုတ်ပါပြီ ……ခုနေ့လည်စာနဲ့ညစာအတွက်ပြင်ရမယ် ……ကိုကြီးကိုကူလုပ်ပေး "

" ဟုတ် "

မောင်နှမ ၂ ယောက်က ထိုင်နေသည့်လုဖန်ကို ရှိတယ်လို့ပင်မမှတ်ပဲ ဝယ်လာသည့် အသီးအရွက်တွေကိုယူကာ မီးဖိုခန်းထဲဝင်သွားလေသည် ။

* ဒါကဘာလဲ … ငါဒီလောက်အဝေးကြီးသယ်လာတာကို မောလားတစ်ချက်မမေးတဲ့အပြင် လစ်လျူရှုရဲသေးတယ် *

လုဖန်ထိုင်ခုံပေါ်ကနေထပြီး မီးဖိုခန်းထဲသို့လိုက်ဝင်သွားလေသည် ။

" ယွင်လေး ဒီနေ့ဘာချက်မှာလဲ "

လုဖန်က စကားရှာကျန်ပြောရင်း ဟင်းရွက်ဆေးနေသည့် ယွင်ရှန့်အနားသို့လျှောက်သွားလေသည် ။ ယွင်ရှန့်က လက်ထဲက ဆေးပြီးသားအသီးအရွက်ခြင်းကို လုဖန်ထံကမ်းပေးလိုက်ပြီး ……

" မင်းအားနေရင်လဲ ဒီခြင်းကို ဟိုစင်ပေါ်သွားတင်ပေး "

လုဖန်က မူယာပိုစွာဖြင့် ကြိုးသိုင်းထားသည့်လက်အား ထောင်ပြလိုက်ပြီး ဆိုလာ၏ ။

" ကိုယ်လက်နာနေတယ် "

" မင်းခြေထောက်ကျိးနေတာမှမဟုတ်တာ ……လမ်းလျှောက်လို့ရနေတာပဲ ……မကူချင်ရင်လဲ လာမရှုတ်ပဲ ဝေးဝေးမှာသွားနေ "

နောက်ဆုံးတော့ လုဖန်တစ်ယောက် ယွင်ရှန့်ခိုင်းသမျှကို လုပ်ပေးနေရသည် ။  နန်းလီက အချိုးပြောင်းသွားသည့် မာနသခင်လေးအားကြည့်ရင်းမယုံကြည်နိုင်စွာဖြင့် ယွင်နားကပ်ကာ နှစ်ကိုယ်ကြားလေး မေးလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now