Chapter - 105

33.7K 2.7K 93
                                    

Unicode
~~~~~~~

ဒုတိယနှစ်ဝက်သို့ ရောက်လာခဲ့ပြီ ။

" အားလုံးပဲ ကျောင်းပိတ်ရက်မှာ ကောင်းကောင်းနာခဲ့ကြမယ်လို့ ဆရာထင်တယ် ......ကဲ ဒုတိယနှစ်ဝက်ရောက်လာပြီဆိုတော့ စာကြိုးစားရင်းစလိုက်ရအောင် ......မာတိကာကိုကြည့်ပါ "

နှစ်ဝက်ရဲ့အစမို့ ကျောင်းသူကျောင်းသားများအားလုံး လန်ဆန်းတက်ကြွနေကြသည် ။ တဖြေးဖြေးစာသင်ချိန်ကုန်ဆုံးသွားပြီးနောက် အားလုံးရင်ခုန်စွာဖြင့် စောင့်မျှော်နေရသည့် ပထမနှစ်ဝက်ရဲ့ စာမေးပွဲရလဒ်အဆင့်တွေကို ကြေညာရန်အချိန်အခါ ကြရောက်လာခဲ့သည် ။

" အားလုံးပဲ စိတ်လှုပ်ရှားနေကြပြီလား ......ဒီနှစ်ဝက်ရဲ့အဆင့် ၁ ရတဲ့သူက တကယ်ကို ကံထူးတဲ့သူပါ ...... ကျောင်း ၃ ကျောင်းရဲ့ ယှည်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရရှိပြီး နာမည်ကြီးဆရာတွေနဲ့လဲ တွေ့ခွင့်ရှိမယ် ...... ပြီးတော့ အထူးဖိတ်ခေါ်ထားတဲ့ စီးပွာရေး သံတမန် Juck လုပ်ငန်းစုနဲ့လဲ တွေ့ခွင့်ရပြီး ကိုယ့်ဘဝရဲ့ အောင်မြင်မှုလမ်းကြောင်းကို ဖောက်လုပ်နိုင်မှာဖြစ်ပါတယ် "

အားလုံးက ပို၍ စိတ်လှုပ်ရှားလာကြသည် ။ ကျောင်း ၃ ကျောင်း ယှဉ်ပြိုင်မှုမှာမအောင်လျှင်တောင် Juck လုပ်ငန်းစုနဲ့ တွေ့ခွင့်ရတာက သူတို့အတွက် ပို၍အကျိုးအမြတ်ရှိသည် ။ မိဘများကလဲ ပို၍ယုံကြည်အားကိုးလာကာ ချီးကျူးကြလိမ့်မည် ။

" အဆင့်တွေ စတင်ပြီး ကြေငြာပါမယ် ... ငြိမ်ပေးကြပါ ......

အဆင့် ၁ လင်းယွင်ရှန့် ......

အဆင့် ၂ ရှောင်လုဖန် ...... "

ယွင်ရှန့်က အဆင့် ၁ ရရန်ကြိုးစားထားပေမဲ့ တကယ်ရလာတော့ အံ့ဩလွန်း၍ ထရန်ပင်မေ့လျော့နေ၏။ အားလုံးကလဲ လုဖန်နဲ့ ယွင်ရှန့်ထံ အကြည့်တွေရောက်လာပြီး အာမေဍိတ်အသံများ သံပြိုင်ရေရွတ်မိကြသည် ။

" ဝါး ... အတန်းခေါင်းဆောင်က တကယ်တော်တာပဲ ......ရှောင်သခင်လေးကိုတောင် ​ေကျာ်နိုင်တယ် "

" ပြီးတော့ သူတို့ ၂ ယောက်က ရှေ့နောက် အတွဲညီလိုက်တာ "

အားလုံးကြေညာပြီးသွားချိန်ထိ ယွင်ရှန့် ရင်ခုန်သံတွေက မရပ်တန့်နိုင်သေး ။ သူ့ရဲ့အိမ်မက်တွေ အမှန်တကယ် ဖြစ်လာတော့မည်မို့ လွန်စွာကြေနပ်နေ၏။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now