Chapter - 7

90.3K 3.9K 130
                                    

Unicode
~~~~~~~

ညနေအလုပ်သိမ်းချိန်ရောက်သည့်အခါ၌ ရှင်းလေးဆိုသူက သူဌေးကိုနှုတ်ပြီး ဆိုင်ထဲမှထွက်လာကာ သူ့ခြေလှမ်းတွေ ဦးတည်နေတဲ့အရပ်ကတော့ ယွင်ရှန့်ရဲ့တိုက်ခန်းဆီသို့ ။

သူ့နာမည်ကတော့ ကျူးယီရှင်းဖြစ်ပြီး သူ့အကြောင်းနဲ့နေရပ်လိပ်စာကိုတော့ ဘယ်သူမှအတိအကျမသိကြဘူး ။ သူငယ်ချင်းအရင်းဖြစ်တဲ့ ယွင်ရှန့်တောင်မသိခဲ့ဘူး ။ သူလက်ရှိမှာတော့ တိုက်ခန်းတစ်ခုမှာ ငှားနေသည် ။

ယီရှင်းနဲ့ ယွင်ရှန့်ဟာ ပထမနှစ် ယွင်ရှန့်ကျောင်းပြောင်းလာတဲ့နှစ်မှစပြီး ခင်ခဲ့ကြရာ ယခုဆို ၂ နှစ်ပင်ရှိခဲ့ပြီ ။

ထိုနှစ်များတွင် ယွင်ရှန့်က အတန်းထဲ၌ အမြဲနံပါတ် ၁ ရပြီး အတန်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည် ။ ယီရှင်းက ယွင်ရှန့်ကိုအမြဲလေးစားပြီး အမြဲကူညီပေးတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဆိုလဲမမှားဘူး ။

ကော်ဖီဆိုင်မှာအလုပ်ရအောင်လဲ ရှင်းကကူညီခဲ့ပြီး လခကိုလဲအများဆုံးရအောင်ကူညီပေးသည် ။ ဒါပေမဲ့ ယွင်ရှန့်ကတော့ပုံမှန်ပဲယူပြီး အလုပ်ကိုမှန်မှန်ကန်ကန်နဲ့ ကြိုးစားကာလုပ်ကိုင်သူမို့ သူဌေးကသဘောကြပြီး အမြဲဘောက်စူးများလဲပေးတတ်သည် ။

ယီရှင်းဘဝမှာ ဒီလိုဖြူ စင်ရိုးသားပြီး အလုပ်ကိုအမှန်အကန်လုပ်သူကို တစ်ခါမှမမြင်ဖူးတဲ့အတွက် သူယွင်ရှန့်အပေါ်ထားတဲ့လေးစားမှုတွေက ပိုပိုတိုးလာကာ ဒီလိုလူမျိုးနဲ့ ခင်ခွင့်ရတဲ့အတွက် ဝမ်မြောက်နေသူဖြစ်သည် ။

ခုယွင်ရှန့်မလာတာ တစ်ပတ်ပြည့်နေပြီး အဆက်အသွယ်လဲမလုပ်လာတော့ ယီရှင်းအမှန်ပင်စိတ်ပူနေ၏ ။ ဒါပေမဲ့ သူ့ရဲ့အနောက်ကနေ တစ်စုံတစ်ယောက် နောက်ယောင်ခံလိုက်နေသလိုမျိုး ခံစားနေရသည်နှင့် ဦးတည်ဘက်ကို လွှဲပြောင်းပြီး နောက်ဖေးလမ်းကြားဘက်သို့ ဦးတည်လိုက်သည် ။

အနောက်က နောက်ယောင်ခံလိုက်လာသူကတခြားသူမဟုတ် ဟေးယောင်ပင်ဖြစ်သည် ။

" ဒီကောင်လေး လမ်းကြားထဲကို ဘာသွားလုပ်တာလဲ ……  ဧကန်တ ငွေလိုလို့ သူ့ကိုယ်ကိုရောင်းစားမှာတော့ မဟုတ်ပါဘူးနော် ……  မဖြစ်ဘူး အဲ့လိုနေရာနဲ့ မင်းနဲ့ကမတန်ဘူး …… မင်းလာရမဲ့နေရာက ကိုယ့်ရဲ့ရင်ခွင်ပဲ Baby ရေ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now