Chapter - 15

77.6K 3.9K 272
                                    


Unicode
~~~~~~~

" အဲ့ဒါ သူ့ချစ်သူလား …… ဒါဆို ဘာကြောင့် ငါနဲ့ Play နေသေးလဲ …… သူတကယ်ကို မိစ္ဆာလိုလူပဲ "

ယွန်ရှန့် ထိုမြင်ကွင်းကို မြင်ပြီးနောက် တစ်ယောက်တည်း တံခါးမကိုမှီကာ ပြောဆိုနေခြင်းဖြစ်သည် ။ ထိုစဉ် တစ်ဖက်ခန်းဆီက တံခါးပိတ်သံကြားလိုက်ရတာ့ ယွင်ရှန့် တံခါးမကို မှီထိုင်နေရာမှထလာပြီး ပြတင်းပေါက်အနားက ထိုင်ခုံတစ်ခုအပေါ်တွင် ဝင်ထိုင်နေလိုက်သည် ။

တံခါးမကို ကျောပေးရင်း မှောင်ရီပျိုးနေသည့် အပြင်လောကကို ငေးကြည့်နေ၏ ။ ထို့နောက် အခန်းတံခါးပွင့်လာပြီး တစ်စုံတစ်ယောက်ရဲ့ ခြေသံကိုကြားနေရသည် ။  ထိုလူ ဘယ်သူဆိုတာ ပြောနေစရာပင်မလိုချေ ။

ယွင်ရှန့် သိနေသည်မို့ အနောက်သို့လှည့်မကြည့်ပဲ အပြင်လောကကို ငေးကြည့်နေလိုက်သည် ။ လုဖန်က သူ့အားဂရုမစိုက်သည့် ယွင်ရှန့်အား အနောက်မှနေပြီး ခဏမျှ ငေးရှုနေ၏ ။ အမှန်က သူ့စိတ်ထဲမှာ တစ်စုံတစ်ရာက်ို စဉ်းစားနေခြင်းဖြစ်သည် ။ တွေဝေမိန့်မောနေရင်း တစ်စုံတစ်ခုအား ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့အားလှည့်ကြည့်မလာသည့် ယွင်ရှန့်အနားသို့ လျှောက်သွားကာ အရှေ့ကခုံပေါ်၌ ဝင်ထိုင်လိုက်သည် ။

ယွင်ရှန့်က ထိုလူခုချိန်မှာ သူ့ကိုမလိုအပ်တော့၍ နှင်ထုပ်ပြီး အကြွေးတွေ ပြန်သိမ်းမလားဆိုတဲ့အတွေးနဲ့ စိတ်တွင်း ယောက်ယက်ခက်နေပေမဲ့ အပြင်ပန်းမှာတော့ တည်ငြိမ်စွာရှိနေမြဲ ။ သို့ပေမဲ့ သူထင်သလို လုဖန်ထံကနေ နှင်ထုပ်မခံရသည့်အပြင် ထူးဆန်းစွာပင် ဘာစကားတစ်ခွန်းမှမဆိုပဲ ငြိမ်နေသည်ကို မြင်နေရတော့ မမေး၍ မနေနိုင်တော့ပေ ။

" သူမက ဘယ်သူလဲ "

လုဖန်က အေးဆေးစွာဖြင့် အမေးအား အမေးဖြင့် ပြန်ဖြေလိုက်သည် ။

" မင်း ဘယ်လိုထင်လဲ "

ယွင်ရှန့်ပြန်ဖြေမလာတော့ လုဖန် ကိုယ်ကို အရှေ့သို့ကိုင်းညွှတ်လိုက်ပြီး ……

" မင်း ခုနက ငါတို့ကို လာချောင်းနေတာလား …… ဟမ် "

ယွင်ရှန့်က မျက်နှာပြောင်စွာ မေးလာသည့် လုဖန်အား မျက်စောင်းပစ်ကြွေးလိုက်ရင်း နှာတစ်ချက်မှုတ်လိုက်သည် ။ ပြီးတော့ စူးရှရှ ဝီစကီအနံ့ပါရနေတော့ သောက်လာတဲ့လူနဲ့ စကားပြိုင်မပြောချင်တာနဲ့ ယွင်ရှန့်ငြိမ်နေလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now