Chapter - 122

25.1K 2.5K 202
                                    

Unicode
~~~~~~~

ရွီမုနဲ့ ထယ်ယောင်းတို့ ချစ်သူတွေဖြစ်ပြီးကြသည့်နောက်မှာတော့ ထယ်ယောင်းဟာ အချိန်ဆွဲမနေတော့ပဲ ရွီမုကိုသူ့ရဲ့အိမ်တော်တို့ တစ်ပါတည်းခေါ်ဆောင်သွားလေသည် ။

Korea ဆိုးလ်မြို့ ~~~

အနက်ရောင် ကားပေါ်တွင် အနောက်ခန်းထဲ၌ ရွီမုနဲ့ ထယ်ယောင်း တစ်ယောက်ကိုတစ်ယောက် ကျောပေးကာ အတွေးကိုယ်စီဖြင့်ထိုင်နေကြသည် ။ ရွီမုဘဝမှာ ပထမဆုံး ချစ်သူရပြီး ထိုလူရဲ့မိဘတွေနဲ့ တွေ့ရတော့မှာမို့ ရင်တုန်နေ၏ ။ အင်အားကြီးသည့် ရန်သူတွေနဲ့ တိုက်ခိုက်စဉ်ကပင် ထိုသို့ရင်မခုန်မိခဲ့ပေ ။ ထယ်ယောင်းကတော့ အေးအေးလူလူပင်ထိုင်နေပြီး သူပုံစံက ယုံကြည်မှုအပြည့်ရှိနေသည် ။ တစ်ခါတစ်ရံ ရွီမုကိုခိုးခိုးကြည့်ပြီး သူ့ဘက်လှည့်လာစေရန် မျှော်လင့်နေ၏ ။ နောက်ဆုံးတော့ ထယ်ယောင်း သည်းမခံနိုင်တော့ပဲ တိတ်ဆိတ်မှုကို ဖြိုခွင်းရန် စကားစမည်ပြောဆိုလိုက်သည် ။

" မုလေး "

" ကျစ် ... ကျနော့ကို နာမည်ပဲခေါ်ပါဆို ဘယ်နှခါပြောရမလဲ "

" အဟား ... မင်းက ကိုယ့်ထက်ငယ်တယ်လေ ......အဲ့ဒါကြောင့် မုလေးလို့ခေါ်တာ မရဘူးလား ...... ဒါဆို ချာတိတ်လို့ပဲ ခေါ်ရမှာလား "

" ရပြီ ရပြီ ...... ချာတိတ်ကလွဲပြီး ကြိုက်သလိုသာခေါ် ဟုတ်ပြီလား "

ထယ်ယောင်းက မျက်ခုံးတစ်ဖက်ပင့်ရင်း ကျေနပ်စွာပြုံးလိုက်သည် ။ ဒေါသကြီးတဲ့ ချစ်သူကိုရထားတော့ သူ့ရဲ့ချစ်စရာအကောင်းဆုံး ဒေါသထွက်တဲ့အမူအယာလေးကို မြင်ချင်လွန်း၍ အချိန်တိုင်း စနောက်နေမိတော့မည် ။

" ကိုယ့်ကို ကြည့်ပါအုံးကွာ "

" ခများဘာဖြစ်နေတာလဲဗျာ .... ရှေ့မှာ ကားမောင်းတဲ့သူပါနေတာကို "

" သူ့ကို ဂရုမစိုက်နေနဲ့ ...... ကိုယ့်ကိုပဲ ဂရုစိုက် ဟုတ်ပြီလား "

" ...... "

" ဒီဘက်ကို လှည့်ပါဆိုကွာ ...... ကိုယ်လာနမ်းမှာနော် "

ရွီမုဒေါသတွေကို ချုပ်တည်းပြီး ခလေးဆိုးကြီး လုပ်နေသည့် ထယ်ယောင်း ပေါင်ပေါ်သို့ ခွထိုင်ကာ မျက်နှာချင်ဆိုင်လိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now