Chapter - 125

26.4K 2.2K 152
                                    

Unicode
~~~~~~~

Chapter - 67

တစ်စုံတစ်ယောက်ကို ' မထားခဲ့ပါနဲ့ ' လို့ ပြောတဲ့အခါ အဲ့ဒိလူ ၂ ယောက်ကြားက relationship ကပြီးသွားပြီလို့ ဆိုလိုတာနဲ့တူညီတယ် …… ဒါက မင်းအနေနဲ့ တစ်စုံတစ်ယောက်ကို ဆုံးရှုံးဖို့ သတ္တိမရှိတဲ့အခါမျိုးမှာ သွေးရူးသွေးတန်းပြောမိခြင်းပါပဲ …… လူ ၂ ယောက်ဟာ အချိန်ကြာလေ ပိုပြီးချည်နှောင်မိလေ … အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ သည်းခံနိုင်စွမ်းတွေ ကုန်လာပြီး သူတို့ ၂ ယောက်ကြားမှာ အဖုအထစ်တွေ ဖြစ်လာတော့တယ် …… မင်းကို ဘယ်တော့မှ မထားခဲ့ပါဘူးလို့ သူပြောတဲ့အခါ ဒါကအလိမ်အညာတစ်ခုလို့ မင်းသိနေလဲ မင်းကတော့ ယုံကြည်နေအုံးမှာပဲမဟုတ်လား …… ဒါကို ရူးသွပ်တဲ့ အချစ်လို့ခေါ်တယ် ……

***********************************

၅ နှစ်ခန့်ကြာပြီးနောက် ……

အတိတ်ရဲ့ အိမ်မက်ဆိုးတွေက ယခုအချိန်မှာတော့ အေးဆက်သွားခဲ့လေပြီ ။ ၂ နှစ်နီးပါး ရူးသွပ်စွာ ရှာဖွေမှုအဆုံးမှာတော့ ပြန်မလာတော့မည့်သူကို မေ့ပျောက်ရန်ကြိုးစားနေခြင်းပဲလားမသိ ရှောင်လုဖန်ဟာ အေးဆက်သွားပြီးဖြစ်သည် ။ ယခုအချိန်မှာတော့ တရုတ်နှင့် Korea ၂ နိုင်ငံကြား စီးပွားရေးလောမှာ နာမည်တစ်လုံးက ထွန်းတောက်လျှက်ရှိနေ၏ ။ အသက်ငယ်ရွယ်ပြီး ချောမောလှပသည့်အပြင် သူ့ရဲ့အသွင်အပြင်ဟာ မိန်းမပျိုလေးများအသည်းစွဲဖြစ်သလို လုပ်ငန်းရှင်ကြီးများကအစ သားသမက်တော်ချင်လွန်း၍ ပိုးပန်းသူများစွာရှိနေသည် ။

အတိတ်ကရှောင်လုဖန်ဟာ ယခုအချိန်မှာတော့ ယခင်ကထက် ထူးခြားလာပြီး သူ့ရဲ့အောင်မြင်မှုက အရွယ်နှင့်မလိုက်အောင် ကြီးကျယ်မြင့်မြတ်လွန်းလှသည် ။ အေးစက်သည့် သူ့ရဲ့မျက်နှာထားကလွဲ၍ အစစအရာရာ ပြီးပြည့်စုံကာ ကောင်းကင်မှာ ထွန်းတောက်နေသည့် နေမင်းကြီးနှင့် တူညီလှသည် ။ အသက်မဲ့နေသည့် နေမင်းကြီး ……

" Mr.ရှောင် …… ဒီနေ့ ကျနော် ပြန်လိုက်ပို့ဖို့အတွက် သခင်ကြီးက အမိန့်ပေးလိုက်တယ် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now