Chapter - 18

76.4K 4.5K 302
                                    

Unicode
~~~~~~~

ယွင်ရှန့် Play Room အခန်းထဲကပြေးထွက်လာပြီးနောက် လုဖန်အခန်းထဲက ရေးချိုးခန်းထဲသို့အမြန်ဝင်သွားလေသည် ။ အသက်ရှုကြပ်နေသည့် အတွက် လေကိုဝဝရှုရှိုက်နေရင်း သူ့ရဲ့ နီမြန်းနေသည့် နှုတ်ခမ်းသားလေးတွေကို ကိုင်စမ်းနေမိသည် ။ထုံကျင်သောခံစားမှုနှင့်အတူ ထိုနတ်ဆိုးရဲ့ ပြင်းပြတဲ့ရမ္မက်တွေက အတွေ့အကြုံမရှိသေးသည့် ယွင်ရှန့်အား ထိတ်လန့်စေခဲ့သည် ။

မှန်ထဲက မိမိရဲ့ကိုယ်ကို ပြန်ကြည့်ရင်း ယွင်ရှန့် မျက်နှာလေး ငြိုးငယ်စွာဖြင့် ခေါင်းကို အောက်သို့ငုံ့ကာ အတန်ကြာအောင် ငြိမ်နေပြီးမှ ဒေါသ သကြီးဟစ်အော်လေတော့သည် ။

" အားးးး  …… ဒီလူကတကယ်က်ို ဘီလူးပဲ ……ပြောတော့ဖြင့် သူ့အသားနဲ့ ဘယ်သူ့ကိုမှမထိဘူးလေးဘာလေးနဲ့ …… ခုဟာက နမ်းတာမှမဟုတ်တာ ……အဲ့ဒါက Vanpire တစ်ကောင်လိုပဲ …… ကြောက်ဖို့ကောင်းတယ် "

ယွင်ရှန့်ရေချိုးခန်းထဲ၌ အတန်ကြာသည်အထိ
စိတ်ငြိမ်အောင်နေလိုက်ပြီး ပုံမှန်ပြန်ဖြစ်သွားတော့မှ ရေချိုးပြီး အခန်းအပြင်သို့ ထွက်လာခဲ့သည် ။အချိန်အားဖြင့် ၆ နာရီခွဲရှိချေပြီ ။ လုဖန်ပြန်မလာသေးသည်နှင့် ခုံပေါ်က ဖုန်းကိုယူလိုက်ပြီးနောက် ပတ်ဝန်းကျင် အချေအနေအားကြည့်ကာ နံပါတ်တစ်ခုအား ရိုက်ထည့်ပြီး ခေါ်လိုက်သည် ။

ယခင်နေ့တွေက ယွင်ရှန့် ဖုန်းခေါ်မည်ကြိုးစားတိုင်း လုဖန်က အနားမှာအမြဲရှိနေ၍ ခေါ်ဆိုရန် ခွင့်မသာခဲ့ဘူး ။  ဒီနေ့ လုဖန်က ဝိုင်သောက်ပြီး မူးနေလောက်ပြီမို့ ယွင်ရှန့် ရဲရဲဝင့်ဝင့် ခေါ်လိုက်ခြင်းဖြစ်သည် ။ တဖက်သို့ ဖုန်းဝင်သွားပြီး ခဏအကြာ၌ ဖြေသံကို ကြားလိုက်ရလေသည် ။

" ဟုတ်ကဲ့ …… ကျနော် ယီရှင်းပါ ပြောနေပါတယ် …… ဘယ်သူလဲမသိဘူးဗျ "

ယီရှင်းရဲ့အသံကိုကြားလိုက်ရတော့ ယွင်ရှန့် ပျော်ရွှင်ပြီး မျက်ရည်များပင်ဝဲလာရ၏ ။  သူဒီအိမ်ကြီးထဲမှာပဲ ပိတ်မိပြီး သေသွားရတော့မည်ဟု မှတ်ယူထားခြင်းကြောင့်ဖြစ်သည် ။

" ဒီမှာဗျ …… တစ်ခုခုတော့ ပြန်ပြောလေဗျာ …… ကျနော်အလုပ်မှာရောက်နေလို့ပါ …… အရေးမကြီးရင်နောက်မှ …… "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now