Chapter - 41

61.9K 3.6K 615
                                    

Unicode
~~~~~~~


နံနက်ခင်းနေရောင်ခြည်ရဲ့အောက် ခေါင်မိုးထပ်ပေါ်က အခန်းလေးထဲတွင် လူနှစ်ယောက် အိပ်ဆက်နေတုန်းပင် ။ လေအလွင့်၌ ဝဲပျံနေသည့် အဖြူ ရောင်လိုက်ကာစလေးများကြားမှ နေရောင်ဟာ လုဖန်ရဲ့မျက်နှာပေါ်သို့ ဖြာကျလာချိန်တွင် လုဖန်အိပ်ဆက်ခြင်းမှ နိုးထလာခဲ့သည် ။ မျက်လုံးတွေကိုဖွင့်လိုက်တော့မှ ခုရောက်နေတာက အခန်းထဲမှာမဟုတ်မှန်း သိလိုက်ရသည် ။

ထိုအခါမှ ညကအဖြစ်အပျက်တွေကို ပြန်စဉ်းစားမိသွားပြီး သူ့ရဲ့ဘေးကိုကြည့်လိုက်တော့ တစ်ကိုယ်လုံးဖြူ စွတ်နေသည့် ကောင်လေးဟာ သူ့အားကျောပေးကာ ကွေးကွေးလေးအိပ်နေသည်ကို မြင်တွေ့လိုက်ရ၏ ။ ပုစွန်ကွေးလေးပမာပင် ဆွဲမက်ဖွယ်ရာကောင်းနေသည် ။ ဖြူ အုနေသည့်ကျောပြင်လေးနှင့်ဆံပင်အရောင်ကတစ်သားထဲဖြစ်နေပြီ အိပ်ယာခင်းကပါ အဖြူ ရောင်ဖြစ်နေတော့ ဖြာကျနေတဲ့ နေရောင်ခြည်အောက်တွင် လင်းလက်တောက်ပနေ၏ ။

လုဖန်က ခုတင်ပေါ်ကနေထပြီး အဝတ်အစားတွေကိုကောက်ဝတ်လိုက်သည် ။  ပြီးသွားတော့ ကွေးကွေးလေးအိပ်နေသည့် ယွင်ရှန့်အား ဆွဲထူလိုက်ပြီး သူ့ရဲ့ပုခုံးပေါ်ခေါင်းတင်ကာ ပွေ့ချီမည်ပြင်လိုက်ချိန်တွင် ယွင်ရှန့်လည်ပင်းတွင် ပတ်ပေးထားသည့် လည်ပတ်၏အတွင်းပိုင်းမှ ရွှေရောင်နာမည်ပြားလေးထွက်လာကာ နေရောင်ကြောင့် လင်းလပ်လာပြီး လုဖန်သတိထားမိသွားသည် ။

သူကယွင်ရှန့်ကိုယ်အား ဆွဲမကာသူ့ရင်ဘက်ပေါ်မှာတင်ထားပြီး လည်ပတ်ထဲမှထွက်လာသည့် ရွှေရောင်နာမည်ပြားလေးပေါ်က နာမည်အား တစ်လုံးခြင်း ရေရွတ်လိုက်သည် ။

" ရှောင် … ပိုင် … ချုန်း " ( ဖြူလုံးလေး )

လုဖန်က ထိုနာမည်ကိုရေရွတ်လိုက်ပြီးနောက် သူ့အမြင်အာရုံတွေ ဝေဝါးလာပြီး အာရုံထဲတွင် တစ်ကိုယ်လုံးဖြူစွတ်နေသည့် ကောင်ငယ်လေးတစ်ယောက် ပေါ်လာလေတော့သည် ။

" ဖြူ လုံး ……  ဖြူ လုံး ……  သူကဘယ်သူလဲ …… အ့ "

သူက နားထင်ကို လက်ဖြင့်ဖိထားရင်း မျက်လုံးအားပိတ်ကာ နာကျင်မှုတွေကို ပျောက်စေလိုက်သည် ။သတ်သာလာတော့မှ သူ့ရဲ့မျက်ဝန်းတွေကို ပြန်ဖွင့်လိုက်သည့်အခါ မျက်ဝန်းရှေ့တွင် စည်းကြိုနေသည့် ယွင်ရှန့်ရဲ့နှစ်ခြိုက်စွာအိပ်မောကျနေသည့် မျက်နှာလေးကို မြင်လိုက်ရတော့ သူ့စိတ်ထဲတွင် ဒီမြင်ကွင်းက ရင်းနှီးသလိုခံစားလာရ၏ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now