Chapter - 13

74.5K 3.8K 469
                                    

Unicode
~~~~~~~

လုဖန် လဲကျနေသည့် ယွင်ရှန့်ရဲ့ကိုယ်ကို မချီပြီး သူ့ရဲ့အခန်းထဲသို့ ခေါ်လာခဲ့သည် ။ ခုအခြေအနေက ခန္ဓာကိုယ်ကို အရင်သန့်ရှင်းပေးရမှာမို့ အရမ်းကြီး မအေးစေရန် ရေချိုးဇလုံထဲကို ရေအသင့်အသင့်ထည့်ပြီး ယွင်ရှန့်ကို ရေချိုးပေးရန်ပြင်လိုက်သည် ။

သူ့ဘဝတလျှောက်လုံး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ကိုယ့်လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ မပြုစုခဲ့ဖူးတော့ ယွင်ရှန့်ကို ပြုစုပေးသည့်နေရာမှ အခက်တွေ့ရပြန်သည် ။ ယွင်ရှန့်ရဲ့ကိုယ်ကိုမပြီး ရေချိုးဇလုံထဲသို့ ချပေးလိုက်သည် ။

ကြည်လင်နေတဲ့ရေရဲ့အောက်ချေတွင် ဖြူ ဥနေသည့် အသားအရေပေါ်မှာ ကြိုးရာတွေက အနီအဆင်းကြောင်းများအဖြစ် ထင်းလင်းစွာ ပေါ်နေသည် ။  လုဖန် ဆက်၍မကြည့်နိုင်တော့ပဲ ယွင်ရှန့်ရဲ့ကိုယ်ကို  သန့်ရှင်းသွားစေရန် နေရာအနှံ့ပွတ်သပ်ပေးလိုက်သည် ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်ကို ရေချိုးပေးရသည်က လွယ်တဲ့အလုပ်တော့မဟုတ်ဘူး ။

ယွင်ရှန့်က သတိမေ့နေတယ်ဆိုပေမဲ့ အသိရှိနေသေးတဲ့အတွက် နာကျင်သည့်နေရာတစ်ခုခုအား ထိမိသွားရင် မျက်နှာက နာကျင်နေသည့်အမူအရာကိုပြသည် ။ ထိုအချိန်မျိုးဆို မလုပ်တတ်လုပ်တတ်လုပ်နေရတဲ့ လုဖန်ခများ လန့်ပြီးရပ်လိုက်ရသည် ။ ဒီလိုနဲ့ ရေချိုးခန်းထဲမှာပင် ၁ နာရီခန့်ကြာသွားလေသည် ။

' ဒေါက် …… ဒေါက် …… '

" လုဖန် …… နင်အထဲမှာရှိနေလား …… ငါဝင်လာခဲ့မယ် "

ယွန်းဂျယ်ရဲ့အသံကိုကြားလိုက်ရတော့ လုဖန် ရေချိုးခန်းထဲကနေ ကမန်းကတန်းထွက်လိုက်ပြီး အခန်းတံခါးကိုပိတ်ကာ တံခါးမကြီးထံသို လျှောက်သွားလေသည် ။ သူက တံခါးမကြီးကို ဖွင့်ပေးလိုက်တော့ ယွန်းဂျယ်က အဝတ်အစားများပင် လဲပြီးနေချေပြီ ။ သူမရေစိုနေတဲ့ လုဖန်ကိုကြည့်ရင် ရယ်လိုက်မိသည် ။

ထိုရယ်သံက ပုံမှန်အတိုင်းဆိုရင် လုဖန်စိတ်ကို ဆွဲဆောင်နိုင်ပေမဲ့ ခုအခြေအနေမှာတော့ ရေချိုးခန်းထဲမှာ အရေးကြီးတဲ့ကိစ္စကြောင့် စိတ်မအေးနိုင်ဖြစ်ရပြီး သူမအမူအရာကို ဂရုမစိုက်နိုင်တော့ပေ ။ လုဖန်က ဟန်ဆောင်ရယ်ပြပြီးမှ ယွန်းဂျယ်အားမေးလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now