Chapter - 98

38.9K 3K 244
                                    

Unicode
~~~~~~~

မိုခွန်း ခရီးရောက်မဆိုက် အိမ်ထဲသို့ဝင်ဝင်ချင်း ဧည့်ခန်းထဲတွင်ထိုင်နေသည့် မိခင်ထံ အပြေးရောက်လာ၏ ။

" မေမေ …… ညီလေးနဲ့တွေ့ခဲ့တယ်ဆို …… သူအဆင်ပြေရဲ့လား "

လုဖန်တို့ပြဿနာတွေဖြစ်နေစဉ်က မိုခွန်းဟာ ပေကျင်းကို အလုပ်ကိစ္စနဲ့သွားနေရသည့်အချိန်ဖြစ်သည် ။ ယွင်ရှန့်တို့အိမ်ကနေ လုဖန်ကို လီဖွားဖွားခေါ်သွားစဉ်က မိုခွန်းမတားလိုက်နိုင်ခဲ့ဘူး ။ လုဖန်ထွက်ပြေးလာသည်ကိုလဲ သူကြားပေမဲ့ မကာကွယ်နိုင်ခဲ့ဘူး ။ ဒါကြောင့် ရှန်ဟိုင်းကိုပြန်ရောက်သည်နှင့် မိုခွန်းစိတ်ပူကာ မိခင်အား မေးခွန်းထုပ်နေခြင်းဖြစ်သည် ။ ရှောင်သခင်မကြီးက အအေးတစ်ခွက်ကို ယူဆောင်လာပြီး စိတ်မောမောနေသည့် မိုခွန်းထံကမ်းပေးလိုက်သည် ။

" စိတ်အေးအေးထားပါ ……သားညီလေးလဲခုအဆင်ပြေနေပြီ ……ဖွားဖွားကလဲ လွယ်လွယ်နဲ့ အမှားထပ်လုပ်မှာမဟုတ်တော့ဘူး ……ယွင်ရှန့်ကိုလဲ လုဖန်ကိုစောင့်ရှောက်ပေးဖို့ မှာထားပြီးပြီ "

" ယွင်ရှန့်နဲ့တူတူရှိနေတာလား "

" ဟုတ်တယ် …… ဒီနေ့ဆို သူတို့ ယွင်ရှန့်ဦးလေးအိမ်ရောက်နေလောက်ပြီ "

ထိုအခါမှ မိုခွန်း အလုံးကြီးကျကာ စိတ်သက်သာယာရသွားလေသည် ။ သူခုမှသတိထားမိလိုက်တာက ရှောင်အိမ်တော်အတွင်းမှာ ပန်းများအလှဆင်ထားပြီး ပုံမှန်သူတို့နေနေကြထက်သပ်ရပ်ကာ ပြင်ဆင်ထားပုံရသည် ။ အရေးကြီးဧည့်သည် တစ်ယောက်ယောက် လာ၍များလားဟု မိုခွန်းတွေးထင်လိုက်သည် ။

" သား သွားနားတော့မယ် "

" အေးအေးသား …… ကောင်းကောင်းအနားယူနော် ……ညီလေးအတွက်ဘာမှ မပူနေနဲ့ "

" ဟုတ်ကဲ့မား "

မိုခွန်း အဝတ်အိတ်ကိုဆွဲကာ သူ့ရဲ့အခန်းရှိရာသို့ ထွက်လာခဲ့လေသည် ။အခန်းတွင်းရောက်တော့ မိုခွန်းအဝတ်အိတ်ကို ကုတင်ဘေးချကာ မောမောပန်းပန်းနှင့် ကုတင်ပေါ်ပြစ်လှဲလိုက်သည် … အိပ်ရေးပျက်သည့်ညတွေနှင့် လုဖန်ကိုစိတ်ပူနေခဲ့ရသည့်ရက်တွေကြောင့် ပင်ပန်းသည့်ရက်တွေများလာကာ မိုခွန်းခနလေးအတွင်း နှစ်ခြိုက်စွာအိပ်ပျော်သွားလေသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now