Chapter - 111

26.6K 2.5K 80
                                    

Unicode
~~~~~~~

စူးရှတဲ့ ပိုးသတ်ဆေးရနံ့များ မွှန်ထူနေတဲ့ အခန်းကျဉ်းလေးတစ်ခု  … အပြာရောင်လိုက်ကာစတွေ ကာစည်းထားပြီး ဘေးနားတွင် အသက်ကယ်ပစ္စည်များ  အစီအရီထားရှိထားသည် ။ ဟေးယောင်ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ဆေးရုံပေါ်ရောက်ရှိနေကြောင်း ပြန်လည်သတိရလိုက်သည် ။ဆယ်စုနှစ်များစွာ မကျမ်းမာခြင်းနဲ့ အမြဲ တိုက်ပွဲဝင်နေတဲ့ သူ့အတွက်တော့ ဘေးမှာရှိနေတဲ့အရာတွေဟာ အစိမ်းသပ်သပ်တော့ မဟုတ်ခဲ့ဘူး ။

ခွဲစိတ်မှုအောင်မြင်ခဲ့လား ဟေးယောင်သိချင်လွန်း၍ မေးမြန်းမည်ပြင်တော့ စိတ်သွားတိုင်းကိုယ်မပါနိုင်သောကြောင့် ဟေးယောင် လက်ရှော့လိုက်ပြီး အခန်းတွင်း ဘယ်သူများ ရှိနေမလဲ စူးစမ်းကြည့်လိုက်သည် ။ အချိန်ကြာမြင့်စွာ သတိမေ့နေခဲ့သည့်သူ့အတွက် ခန္ဓာကိုယ်က ချိနဲ့နေပြီး အမြင်အာရုံတွေက မှုံဝါးနေ၏ ။

" အဟွတ် … အဟွတ် "

အာခေါင်ခြောက်နေ၍ ဟေးယောင် ချောင်ဟတ်လိုက်တော့မှ  ဘေးနားမှာ ခပ်တိုးတိုး စကားပြောနေကြတဲ့ သူနာပြုလေးတွေ သတိပြုမိသွားပြီး အော်ခေါ်သံကို ကြားရတော့သည် ။

" ဒေါက်တာ …… လူနာသတိရလာပြီ "

ထိုစဉ် ပြေးလာသည့် ခြေများ ကြားနေရပြီး အနားကိုရောက်တော့ ဟေးယောင်လက်လေးတွေကို ဖွဖွလေး ထိကိုင်ပြီး အခြေအနေကို စမ်းသပ်နေသူကတော့ ထယ်ယောင်း ……

" အဆင်​ပြေပြီ ……  ခွဲစိတ်မှု အောင်မြင်ပြီ "

ပျော်ရွင်နေသည့် ထယ်ယောင်း ဟေးယောင်ကို ဆေးတစ်လုံးထိုးပေးပြီး သူနာပြုတွေကို အခန်းထဲကနေ ထွက်ခိုင်းလိုက်သည် ။ ထိုအခါမှ ဆေးရဲ့ဓါတ်ကြောင့် ဟေးယောင် ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းသွားပြီး ထယ်ဟောင်အား မထူပေးရန် တောင်းဆိုလိုက်သည် ။ ခွဲစိတ်ထားသည့် ဒါဏ်ရာက နာနေသေး၍ ဟေးယောင်ဖြေးဖြေးခြင်း ထထိုင်ပြီးမှ ထယ်ယောင်းအား မေးမြန်းလာ၏။

" ဒီနေ့နဲ့ဆို ဘယ်နှရက်ရှိပြီလဲ "

" တစ်ပတ်ရှိပြီ "

ဟေးယောင် ခွဲစိတ်ခန်းဝင်ခဲ့တာ တစ်ပတ်တောင် ကြာမြင့်ခဲ့ပြီ ။ ခုချိန် ရှင်းတစ်ယောက် အဆင်မှပြေရဲ့လား ဟေးယောင် သိချင်လာမိသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now