Chapter - 124

28K 2.2K 145
                                    

Unicode
~~~~~~~

Chapter - 66

မင်္ဂလာပွဲကနေ ပြန်လာပြီးကတည်းက လုဖန်အချိုးတွေပြောင်းလဲနေ၏ ။ အေးစက်စက်နေတတ်သည့် သူ့ရဲ့မျက်နှာထားက တစ်စုံတစ်ရာကို လေးနက်စွာတွေးတောပြီး ပြုံးနေတတ်သည် ။ ယွင်ရှန့်ကို ထူးဆန်းတဲ့အဝတ်အစားတွေဝတ်ခိုင်းပြီး တစ်ယောက်ထည်းအလုပ်ရှုတ်နေတတ်သည် ။ အားလုံးကလဲ မင်္ဂလာပွဲဝတ်ဆုံများဖြစ်နေ၏ ။ တစ်ခုမှ သူစိတ်တိုင်းမကျပေ ။ မပြောင်းလဲတဲ့အကျင့်တစ်ခုကတော့ ယခုချိန်ထိ ယွင်ရှန့်ကို အခန်းတွင်း ပိတ်ထားပြီး လက်ထိပ်ခပ်ထားခြင်းပင် ။

" မင်း ဒါတွေကို ဘယ်ချိန်ထိ လုပ်နေမှာလဲ "

အဝတ်ပုံတွေအလယ်မှာ ယွင်ရှန့်ထိုင်နေရင်း လုဖန်အားကြည့်ကာ မေးလိုက်ခြင်းဖြစ်သည် ။ စိတ်တိုင်းမကျနိုင်သည့် လုဖန်က ဒီဇိုင်နာကိုခေါ်ပြီး အဝတ်တွေကို ပြန်သိမ်းစေလိုက်သည် ။ ပြီးနောက် ယွင်ရှန့်အား ဆွဲခေါ်ကာ သူ့ရဲ့ပေါင်ပေါ်သို့ ထိုင်စေလိုက်သည် ။ ဒီအနေအထားက နေသားကျနေပြီမို့ ယွင်ရှန့် မငြင်းဆိုပဲ ထိုင်နေပြီး လုဖန်ရဲ့ကလိသမျှကို ငြိမ်သက်စွာ ခံယူနေလိုက်သည် ။

လုဖန်ရဲ့လက်တွေက ယွင်ရှန့် ရင်အုံကို ဖစ်ညှစ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ပေါင်သားနုနုလေးအပေါ် ပွတ်သပ်ကျီဆယ်နေ၏ ။ သူ့ရဲ့မေးကို ယွင်ရှန့်ပခုံပေါ်တင်ထားပြီး တိုးညှင်းစွာ ပြောလာသည် ။

" ကိုယ် မင်းနဲ့ လက်ထပ်ဖို့ကို မစောင့်နိုင်တော့ဘူးကွာ "

ပြီးနောက် ကြေနပ်စွာပြုံးရင်း သူကဆက်ပြောသည် ။

" အဖြူရောင်ဝတ်ဆုံနဲ့သတို့သားလေး ကမ္ဘာပေါ်မှာ မင်းတစ်ယောက်သာ အလှဆုံးဖြစ်စေရမယ် …… ကိုယ့်တို့ကို ပရိတ်သတ် ရာပေါင်းများစွာက နှစ်သက်အားကျတဲ့အကြည့်တွေနဲ့ ကြည့်နေလိမ့်မယ် …… ကိုယ်မင်းကို လက်စွပ် စွပ်ပေးတဲ့အခါ လက်ခုပ်သံတွေက ကမ္ဘာလောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွားစေလိမ့်မယ် …… အဲ့ဒိအချိန်မှာ ကောင်းကင်ပေါ်ကကျလာတဲ့ အနီရောင် နှင်းဆီပွင့်ဖက်လေးတွေနဲ့ မင်းရဲ့အပြုံးလေးတွေပေါင်းစပ်ပြီး လင်းလပ်နေတဲ့နေရောင်ခြဉ်ကတောင် မင်းရဲ့အပြုံးတွေအောက် ပျောက်ကွယ်သွားလိမ့်မယ် …… အဲ့ဒိပုံရိပ်လေးကို ပန်းချီကားချပ်ထဲရေးဆွဲပြီး ထာဝရသိမ်းထားမယ် …… ကိုယ်တို့အသက်ကြီးလာတဲ့အခါ ကိုယ်တို့ရဲ့ မင်္ဂလာနေ့ရက်လေးကို အမှတ်တရပြန်ကြည့်ပြီး ပျော်ရွှင်စရာ အချိန်အခါလေးကို သက်ဆုံးတိုင် သယ်ဆောင်သွားကြမယ် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now