Chapter - 118

26.6K 2.2K 77
                                    

Unicode
~~~~~~~

" မင်းက …… "

ထိုလူရဲ့မျက်ဝန်းတွေက နီရဲနေပြီး တစ်စုံတစ်ရာကို အာရုံစူးစိုက်ကာ စဉ်းစားနေပုံ … သူက လောင်ဝေ့ဘက်ကို တစ်ချက်လှည့်ကြည့်လိုက်သည် ။ ပြီးတော့ ယွန်ဂျယ်ဖခင်က တိုးတိုးလေးပြောနေ၏ ။

" Sr ဘာကိုဆိုလိုတာလဲ …… သူက … "

အခြေအနေက တစ်စုံတစ်ရာကို အတွေးပေါက်သွားဟန်တူသည် ။ ဆရာဝန်နဲ့တူတဲ့လူကြီးက သူ့ရဲ့တပြည့်တွေကိုခေါ်ကာ ယွင်ရှန့်အား လှောင်အိမ်ထဲသို့ပြောင်းရွှေ့စေလိုက်သည် ။ ထိုအခါမှ ယွင်ရှန့်သတိထားမိသွားသည် ။ ထိုလူများက အနက်ရောင်မျက်နှာဖုံးကိုစွပ်ထားကြပြီး သူ့ကိုလုပ်ကြံသူများနှင့် တူနေခြင်းပင် ။ ပြီးနောက် ယွင်ရှန့်အား အခန်းထဲတွင် ပိတ်ထားခဲ့ကာ အားလုံးထွက်သွားကြသည် ။

အပြင်ရောက်တော့ …

" အဖိုးကြီး … ခများတစ်ခုခုသိထားတာလား "

" မင်း စကားပြောရိုသေစမ်း လောင်ဝေ့ ……မင်းလုပ်ချင်တိုင်း လုပ်နေတာတွေရပ်တော့ ……ငါဒီကလေးအကြောင်း သိချင်တယ် …… အသေးစိတ်ပြောပြ "

ထိုလူက လောင်ဝေ့၏ ဖခင်ဟုဆိုရပေမဲ့ အဖိုးဟုပြောလျှင်ပိုမှန်သည် ။ မိဘတွေဆုံးသွားသည့်နောက် အဖိုးက အဖေလိုကြွေးမွေးခဲ့ခြင်းဖြစ်သည် ။ ထိုလူက သူ့အခန်းထဲကနေပြီး ဓာတ်ပုံတစ်ခုထုတ်ယူကာ လောင်ဝေ့ထံကမ်းပေးလိုက်သည် ။

" သူ့ကိုကြည့် … သူနဲ့တူလား "

ယွင်ရှန့်အခန်းထံ ညွှန်ပြကာ မေးလိုက်ခြင်းဖြစ်သည် ။ ဓာတ်ပုံထဲကအမျိုးသမီးက ငွေဖြူရောင်ဆံနွယ်တွေကိုပိုင်ဆိုင်ထားပြီး သူမမျက်ဝန်းတွေက ရဲရင့်မှုကိုဖော်ညွှန်းနေ၏ ။ အပြာရောင်မျက်ဝန်လေးတွေက အနောက်တိုင်း လူမျိုးဆိုတာ သေချာသည် ။ ထိုစဉ် ယွန်းဂျယ်ဖခင်က ဓာတ်ပုံအားကြည့်နေရင်း တစ်စုံတစ်ရာကို သတိရသွားသည် ။

" သူမက ဘာကြောင့် လင်းသခင်မနဲ့တူနေတာလဲ "

" မင်းပြောတာမှန်တယ် … ပိုပြီးထူးဆန်းတာက ဒီကောင်လေးက ဘာကြောင့် ဒီမျိုးရိုးရဲ့အမှတ်အသားမျိုး သူ့မှာရှိနေတာလဲ ……ဧကန်တ အဲ့ဒိနေ့က အကုန်မသေခဲ့တာလား ……စိတ်ဝင်စားစရာပဲ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now