Chapter - 48

51.4K 3.4K 262
                                    

Unicode
~~~~~~~

ယွင်ရှန့်တစ်ယောက် ထမင်းစားပွဲပေါ်မှာတင်ထားသည့် နို့နှင့် ပေါင်မုန့်မီးကင် ကြက်ဥဟက်ပွိုင့်ကြော်ပန်းကန်ကိုယူပြီး အပေါ်ထပ်သို့တပ်လာခဲ့သည် ။Play Room အခန်းနားကိုရောက်တော့ သူ့ရဲ့ခြေလှမ်းတွေက ရပ်တန့်သွားပြီး စိတ်ကို တည်ငြိမ်အောင်ထားလိုက်သည် ။

အခန်းတံခါးဟာ လော့မချထာသောကြောင့် ပွင့်နေပြီး ယွင်ရှန့်အထဲသို့လွယ်ကူစွာပင် ဝင်လာခဲ့သည် ။ ဘာကြောင့်မှန်းမသိ အခန်းတွင်းရောက်တော့ ယွင်ရှန့်စိတ်ထဲတွင်လေးနေပြီး မကောင်းတဲ့အငွှေ့အသက်များ ခံစားလာရသည် ။

အခန်းတွင်းမှာတော့ လုဖန်ဟာ မနက်အိပ်ယာထကတည်းက မလဲရသေးသည့် အဖြူ ရောင်ညအိပ်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ခါးပတ်ကြိုးကို ယဲ့ယဲ့လေးချည်နှောင်ထားခြင်းကြောင့် သူ့ရဲ့ရင်အုံဟာ အလှပြထားသည့်အလား ပေါ်လွင်နေ၏ ။

ထိုင်ခုံပေါ်မှာ အခန့်သားထိုင်နေသည့် လုဖန်ဟာ
ခြေတစ်ဖက်ကို ခုံပေါ်မှာတင်ထားပြီး ကျန်တစ်ဖက်က အပေါ်မှာထပ်၍တင်ထားသည် ။ ထိုအခါတွင် ရှေ့ကအကွဲဖြစ်နေသည့် ညအိပ်ဝတ်ရုံက ဘေးသို့ကျနေပြီး အတွင်းသားလေးကအစ အတိုင်းသား မြင်နေရသည် ။ အနားသို့ရောက်လာသည့် ယွင်ရှန့်က လက်ထဲရှိစားစရာတွေကို လုဖန်ခြေထောက်တင်ထားသည့် စားပွဲပေါ်သို့ချလိုက်ပြီး လုဖန်အားမျက်နှာလွှဲကာ ရပ်နေ၏ ။

" Doll လေး …… မင်းသခင်ကဒီမှာ …… မင်းအကြည့်တွေကို ဘယ်ကိုပို့ထားတာလဲ …… ဒီနားလာခဲ့ "

လုဖန်က လက်ထဲကကြိမ်လုံးဖြင့် ရပ်နေသည့် ယွင်ရှန့်အား တစ်ချက်ရိုက်လိုက်ပြီး သူ့အနားသို့ခေါ်ဆောင်လိုက်သည် ။ အနားသို့ရောက်လာသည့် ယွင်ရှန့်အား လုဖန်လှမ်းဆွဲလိုက်ပြီး အနားတွင်အရန်သင့်ချထားသည့် လက်ထိပ်ကို လက်တစ်ဖက်ကိုစွပ်ပေးထားပြီး ကျန်တစ်ဖက်ကိုတော့ စားပွဲရဲ့ခြေထောက်က သံတိုင်ကိုချိတ်ထားလိုက်သည် ။ ထိုအနေအထားကြောင့် ယွင်ရှန့်ကြမ်းပြင်ပေါ်တွင် ထိုင်လျှက်သားဖြစ်သွားလေသည် ။

" ဘယ်လိုလဲ …… ကိုယ့်ဘဝကို ပြန်သိသွားပြီလား "

ယွင်ရှန့်ကပြန်မဖြေပဲ လုဖန်အားစိုက်ကြည့်နေ၏ ။ ထိုအခါတွင် လုဖန်က သူ့ခါးပေါ်က ခါးပတ်ကြိုးကို ဖြေလိုက်ပြီး ဝတ်ရုံတစ်ခုလုံးကို ချွတ်ပြစ်လိုက်သည် ။ ထိုစဉ် စိုက်ကြည့်နေသည့် ယွင်ရှန့်မျက်ဝန်လေးများ ခနမျှ ပြူ းကျယ်သွားပြီး ချက်ခြင်း ခေါင်းကို အောက်သို့ ငုံ့ထားလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now