Chapter - 119

23.4K 2.1K 113
                                    

Unicode
~~~~~~~

နားထပ်၌ လွင့်ပျံနေသည့် စကားများ ……

" ဒါက နည်းလမ်းမကျဘူးလို့ကျနော်ထင်တယ် ……လူနာတစ်ယောက်ကို လက်လွတ်စပယ် လွှဲပြောင်းမပေးနိုင်ဘူး ……တောင်းပန်ပါတယ်ဗျ "

" ဒေါက်တာ နားလည်မှုလွဲနေပြီ ……သူကိုဘာအန္တရာယ်မှမဖြစ်စေရဘူး ……မြေးလေးနဲ့ဝေးကွာဖို့တစ်ခုတည်းအတွက်ပါ "

" ကျနော်နားလည်ပါတယ်သခင်မကြီး ……..သခင်လေးကလဲ ကျနော့ကို အပ်ထားတာကြောင့်ပါ "

" ဒါကြောင့်လဲ မင်းကိုလာဆွေးနွေးတာပေါ့ ……မင်းသေချာစဉ်းစားပါ …… ဒီဆေးရုံရဲ့ထောက်ပံ့မှုတွေကိုသာ ဖျက်တောက်လိုက်ရင် ဆေးဝါးတွေပျက်ပြီး လူနာတွေ ဘာဖြစ်သွားမယ်ထင်လဲ ……လူနာတစ်ယောက်နဲ့အားလုံး မင်းဘယ်ဟာကိုရွေးချယ်မှာလဲ "

" …… "

အခန်းတစ်ခုလုံးတိတ်ဆိတ်သွားလေသည် ။ ယွင်ရှန့် သတိရလာပေမဲ့ အမြင်အာရုံတွေက မှုန်ဝါးနေဆဲပင် ။ အသံလာရာကို တစ်ချက် ကြည့်မိတော့ ရင်းနှီးသည့် အမျိုးသမီးပုံရိပ်တစ်ခုနှင် ကုဒ်အဖြူရောင် ဝတ်ဆင်ထားသည့် ဒေါက်တာ တစ်ဦးကို တွေ့ရှိလိုက်ရသည် ။ သေချာသည်ပင် ထိုအမျိုးသမီးက လုဖန်၏အဖွား လီသခင်မကြီးဖြစ်နေသည် ။ သူမပုံစံက တစ်စုံတစ်ရာကို စေခိုင်းရာ၌ မအောင်မြင်၍ မျက်မှောင်ကြုတ်လျှက် ဘဝင်မကျဟန်ပေါ်နေသော်လဲ အေးဆေးနေသည် ။ စိတ်လောခြင်းမရှိ ။ ဆရာဝန်က အတန်ကြာစဉ်းစားပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည် ။

" သခင်မက ကျွန်တော့ကို ပံ့ပိုးမှုနဲ့ ချိန်ခြောက်တာလား ……ဒီလူနာက အဲ့လောက်တောင် လုပ်စရာလိုလို့လားဗျာ ……သခင်လေးသာသိရင် … "

" မင်းမှာဝေဖန်ပိုင်ခွင့်မရှိဘူး ……မင်းလုပ်မှာလား မလုပ်ဖူးလားပဲပြော …… ခုချိန်မှာ ယွန်းဂျယ်ကလေးအတွက်ပဲ မင်းအာရုံစိုက်ရမယ် …… ငါ့မြေးလေးနဲ့ ငါ့ကမ္ဘာလေး သာယာတော့မဲ့အချိန်မှာ အနှောက်အယှက်တွေ ပေါ်လာမှာ ငါမလိုချင်ဘူး …… ခုကတည်းကရှင်းထားရမယ် မင်းနားလည်လား "

ယွင်ရှန့်စကားသံတွေကို နာစွံ့နေရင်း ကြားလိုက်ရသည့်ထိုခန၌ ရင်တစ်ခုလုံး တုန်လှုပ်သွားရသည် ။ စိုးရိမ်စိတ်တို့ နေရာယူလာပြီး သူတို့စကားတွေကို နားလည်ရန်ကြိုးစားနေမိသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now