Chapter - 26

78.6K 3.7K 751
                                    

Unicode
~~~~~~~

" ဟေးယောင် …… ငါတို့ပြန်တော့မယ် …… မင်းမွေးနေ့မှာ အရမ်းကို ပျော်ခဲ့ရတယ်ကွာ …… နောက်နှစ်မှာ မင်းရဲ့ပါတနာနဲ့ မိတ်ဆက်ပေးနိုင်ပါစေ "

" ဟားးး "

ယန်စီနှင့် အဖွဲ့ဟာ ဟေးယောင်ကို နှုတ်ဆက်၍ ပြန်တော့မည်ပြင်နေ၏ ။ ထိုအခါမှ ဟေးယောင်က လုဖန်နဲ့ ယွင်ရှန့်ရှိမနေတော့သည်ကို သတိထားမိလိုက်ပြီး သူကမေးလိုက်၏ ။

" လုဖန်ကိုလဲ မတွေ့ပါလား …… သူပြန်သွားပြီလား "

" အော် …… အေး …… မင်းကိုပြောဖို့မေ့နေတာ …… လွန်ခဲ့တဲ့ ၂ နာရီလောက်ကပဲ သူ့ကောင်မလေးကို ပွေ့ချီပြီး ပြန်သွားပြီ "

* ကောင်မလေးကို ပွေ့ချီပြီး * ဟေးယောင် စိတ်ထဲမှ ရေရွတ်နေမိသည် ။ သူသိတဲ့လုဖန်က မိန်းကလေးတစ်ယောက်ကို ပွေ့ချီရန်မပြောနဲ့ အသားခြင်းထိလျှင်ပင်မကြိုက်ပေ ။

" ငါတို့သွားပြီ "

ယန်စီတို့အဖွဲ ထွက်သွားတော့မှ ဟေးယောင်အသိပြန်ကပ်လိုက်ပြီး လက်ပြနှုတ်ဆက်လိုက်လေသည် ။  ခုချိန်က ည ၁၁ နာရီရှိပြီး ယန်စီတို့အဖွဲက နောက်ဆုံးဖြစ်၍ ယခုကလပ်ထဲတွင် ဝန်ထမ်းတချို့နှင့် စားပွဲဝိုင်းတွင်ထိုင်နေသည့် ယီရှင်းတစ်ယောက်သာ ကျန်နေခဲ့လေသည် ။

ဟေးယောင်က နှုတ်ဆက်ပြီးနောက် ဝိုင်တစ်ခွက်ကို သွားယူလိုက်ပြီး ယီရှင်းအနားသို့လျှောက်လာကာ အရှေ့မှထိုင်လိုက်သည် ။ သူက ယီရှင်းကို ဝိုင်ခွက်လှမ်းပေးနေရင်း ပြောလာ၏ ။

" ရှင်း …… ပျင်းနေပြီလား …… ကိုယ့်သူငယ်ချင်းတွေက မပြန်တော့ သူ့တို့ပြန်တဲ့ထိစောင့်နေရတာ …… ရှင်း …… ဒါလေးသောက်ပြီးသွားရင် ကိုယ်တို့ အခန်းကို ပြန်ကြရအောင် "

ယီရှင်းက လက်ထဲကခွက်ကို စာပွဲပေါ်ချလိုက်ပြီး ထရပ်လိုက်သည် ။

" ကျနော်မသောက်တော့ဘူး …… အခန်းကိုပဲ ပြန်မယ် "

ဟေးယောင်က ယီရှင်းရဲ့လက်ကို ဆွဲပြီး တားလိုက်သည် ။

" ဒါလေးသောက်ပြီးမှ သွားရအောင် …… ဒါလေးကို အကုန်သောက်လိုက်ပါ …… ရှင်း "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now