Chapter - 17

81.3K 4.1K 683
                                    

Unicode
~~~~~~~

ရှောင်အိမ်တော်ကြီးရဲ့ ဧည့်ခန်းထဲတွင် လူ ၃ ယောက် သုံးနားညီတြိဂံကျကျ ထိုင်နေ၏ ။ လုဖန်ရဲ့ ဘယ်ဘက်မျက်စောင်းထိုးတွင် ယွင်ရှန့်ထိုင်နေပြီး ဘာမှမဆိုပဲ ခေါင်းငုံ့၍သာ နေလေသည် ။

လုဖန်ရဲ့ ညာဘက်မျက်စောင်းထိုးတွင်တော့ ယွန်းဂျယ်ထိုင်နေပြီး သူမရဲ့မျက်နှာက ရိုးသားဖြူ စင်သူတစ်ယောက်ပမာ ယခုအခြေအနေရဲ့ ဖြေရှင်းချက်ကို လိုချင်နေသည့်အလား လုဖန်ထံကြည့်နေ၏ ။ယခုလို တိတ်ဆိတ်နေသောအချေအနေကို ဖြိုခွန်းရင်း လုဖန်က စကားစမည်ပြောလိုက်သည် ။

" မင်းတို့တွေ တွေ့သွားကြပြီဆိုတော့ ပထမဆုံး မင်းတို့ ၂ ယောက်ကို မိတ်ဆက်ပေးမယ် "

လုဖန်က ယွင်ရှန့်အားကြည့်လိုက်ပြီး ယွန်းဂျယ်ဘက်သို့ ညွှန်ပြကာ ဆိုလိုက်သည် ။

" ငါမင်းကို တစ်ခါက ပြောခဲ့ဖူးတယ် …… ဒါက အိမ်ကိုရောက်နေတဲ့ ငါ့ရဲ့ဧည့်သည်ဆိုတာလေ ……သူ့နာမည်က လီယွန်းဂျယ် …… ကိုရီးယားလူမျိုးဆိုပေမဲ့ တရုတ်စကားကိုတော့ ကောင်းကောင်းပြောတတ်တယ် …… ငါ့ရဲ့ငယ်သူငယ်ချင်းမလေးပေါ့ "

သူမက ယွင်ရှန့်ကို မျက်စောင်းခဲကာ ကြည့်နေရင်းမှ လုဖန်က ငယ်သူငယ်ချင်းမလေးဟု ပြောလာသည့်အခါ သူ့ရဲ့မျက်နှာ ချက်ချင်းပျက်သွားပြီး လုဖန်အား စိုက်ကြည့်လာသည် ။ လုဖန်ကတော့ ဂရုမစိုက်သည့်နယ် သူမအား ယွင်ရှန့်နဲ့ ထပ်မံမိတ်ဆက်ပေးပြန်သည် ။

" သူကတော့ ငါ့ရဲ့ Doll လေး …… လင်းယွင်ရှန့် "

သူမ အထင်သေးသည့်မျက်လုံးတွေနဲ့ ယွင်ရှန့်အားကြည့်ပြီးမှ လုဖန်ဘက်ကိုလှည့်ပြီးဆိုလိုက်၏ ။

" လုဖန် …… နင်ဘယ်ကတည်းက ဒီလို အရုပ်တွေနဲ့ ကစားခဲ့တာလဲ "

လုဖန်က သူမအမေးအားတန်းမဖြေပဲ အနည်းငယ်စဉ်းစားဟန်ပြုပြီးမှ ပြန်ဖြေလိုက်သည် ။

" လွန်ခဲ့တဲ့ ၂ နှစ် …… မင်းငါ့ကို ထားသွားတဲ့အချိန်ကလို့ ထင်တာပဲ "

ထိုအခါသူမက ယွင်ရှန့်အား အောင်နိုင်သူတစ်ယောက်ပမာ ကြည့်လိုက်၏ ။  ယွင်ရှန့် ခေါင်းမော့မထားပေမဲ့ သူမရဲ့မစ္ဆာလိုမျက်လုံးတွေကို အလိုလိုအာရုံခံမိနေသည် ။ ယွင်ရှန့်မျက်နှာပြောင်းလဲခြင်းမရှိငြိမ်နေတော့ သူမဘဝမကျဖြစ်ရပြီး လုဖန်အား ထပ်မန်၍ မေးမြန်းလိုက်၏ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now