Chapter - 28

77.2K 3.8K 447
                                    

Unicode
~~~~~~~

Chapter - 28

အလင်းရောင်မှိန်မှိန်အောက်တွင် ရီဝေဝေမျက်ဝန်းလေးများနှင့် ပါးပြင်ပေါ်၌ မျက်ရည်ကြည်များ စီးကျကာ ယီရှင်းတစ်ယောက် အိမ်မက်ဆိုးကနေ နိုးထလာခဲ့သည် ။ ညက ၁ နာရီကျော်မှ အိပ်ယာဝင်ခဲ့ပြီး ယခုနိုးထလာတော့ မနက် ၅ နာရီပင်ရှိသေးသည် ။

ဟေးယောင်ရဲ့ တဟင်းဟင်း အော်သံတွေက ၂ နာရီကျော်လောက်မှရပ်တန့်သွားသည့်အတွက် ယီရှင်း ထိုအချိန်မှ အိပ်ပျော်သွားပြီး အိမ်မက်ဆိုးကြောင့် လန့်နိုးလာကာ ခေါင်းတွေရီဝေနေပြီး နေရထိုင်ရခက်လှသည် ။

ညကပါတီမှာ သောက်လာသည့်အရှိန်ရယ် ဆေးခပ်ခံကသည့်အရှိန်ရယ်ပေါင်းပြီး ယီရှင်းရဲ့စိတ်တွေက သာမာန်မဟုတ်ပဲ အနည်းငယ် အရိုင်းဆန်နေ၏ ။ မူးမိုက်ကာ ရီဝေနေတဲ့သူ့ရဲ့မျက်ဝန်းတွေက အခန်း
ပတ်ပတ်လည်အား အကဲခတ်ကြည့်လိုက်တော့မှ ညကအချိန်တွေကို ပြန်အမှတ်ရသွားပြီး အခန်းဒေါင့်မှာ ငြိမ်ကျနေသည့် ဟေးယောင်ကို တွေ့သွားလေသည် ။ ယီရှင်းရဲ့ခြေလှမ်းတွေက မူမမှန်သလို သူ့ရဲ့အမြင်အာရုံတွေက မူးနောက်ကာ ဟေးယောင်အနားသို့ ဖြေးဖြေးခြင်း လျှောက်သွားလေ၏ ။

" ဟေး …… ခများကြီးသေသွားပြီလား …… ဟမ် ……ခများရဲ့ဒီအခြေအနေကို ခများအဖေကိုမြင်စေချင်တယ် …… ဟက် …… ကျနော့အမေကို ခများအဖေလုပ်ခဲ့တုန်းက ကျနော် နာကျင်ခဲ့သလိုမျိုး သူပြန်ခံစားစေချင်တယ် …… ဒါပေမဲ့ခများသိလား ……ကျနော်ဒီလိုတွေမလုပ်ချင်တာကို ခများကိုယ်တိုင်က ကျနော့သည်းခံနိုင်စွမ်းကို လာစမ်းခဲ့တယ် …… ခုဘယ်လိုနေလဲ …… မေးနေတာဖြေလေ "

ဟေးယောင်က နာကျင်ကာ အိပ်ပျော်နေပြီမို့ယီရှင်းရဲ့ပြောစကားတွေကို ဘာတစ်ခွန်းမှမကြားရပေ ။

နာရီလက်တံတွေ တဖြေးဖြေးရွေ့လျှားနေပြီး နံနက် ၇ နာရီထိုသည့်ချိန်ထိ ထိုင်ခုံကိုမှီလျှက် အိပ်ပျော်နေသည့် ဟေးယောင်ကို ယီရှင်းထိုင်ကြည့်နေရင်း မနိုးထလာသည့်အဆုံး စားပွဲပေါ်မှာတင်ထားသည့် ရေသန့်ဘူးကိုယူကာ ကိုယ်ပေါ်သို့လောင်းချလိုက်သည် ။ အေးစက်စက်ရေ၏ ထိတွေ့မှုကြောင့် ဟေးယောင်လန့်နိုးလာပြီး ချုပ်နှောင်မှုတို့မှ ရုန်းထနေလေမိသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now