part. 1

130K 4.9K 125
                                    

[A/N~ အစအပိုင်းမှာ Our omega leadernimလေးနဲ့ ပုံစံတူဖြစ်တယ်ထင်ရပေမဲ့ နှစ်ပိုင်းလောက်ဖတ်ကြည့်ပြီးရင်တော့ သိသွားပါလိမ့်မယ်။ ]

ရှောင်ကျန်က ဆေးစစ်ထားတဲ့ ရလဒ်တွေကိုကြည့်ပြီး လက်တွေတုန်ယင်နေသည်။ တစ်ချိန်တည်းမှာပဲ သားကြီးလာရင် ကိုကို့သတိုးသမီးလုပ်မှာဆိုတဲ့ ဝမ်လေးရဲ့စကားတွေကို ပြန်ကြားယောင်မိတော့ ရင်ဘတ်ကိုထုကာ ငိုမိတယ် ။

" ဝမ်လေး ကိုကို မင်းကို ကာကွယ်မပေးနိုင်တော့ဘူးထင်တယ် ''

ရှောင်ကျန့်က ထိုစာရွက်ကိုဆွဲဖြဲပစ်လိုက်ပြီး အခန်းထောင့်လေးမှာ စိတ်အားငယ်စွာငိုနေခဲ့တယ် ။ အဲ့ဒီအချိန်တုန်းက သူက ဆယ်ခြောက်နှစ် ဝမ်လေးက ဆယ်နှစ် ။

တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့ ရှောင်ကျန့်က အခုဆိုရင် မိန်းကလေးတွေကြားမှာ အလွန်ရေပန်းစားလာတယ်။ ရှည်လျားတဲ့အရပ်နဲ့ ကြည့်ကောင်းလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် လူတိုင်းက သူ့ကို သမင်လည်ပြန်ငေးကြည့်မိတဲ့အထိ ကြည့်မိကြတယ် ။ ပြုံးလိုက်တဲ့အချိန်တိုင်းမှာ ပေါ်လာတဲ့ ယုန်သွားလေးနှစ်ချောင်းနဲ့ နှုတ်ခမ်းအောက်က မှည့်လေးဟာဆိုရင် အသံတိတ်လူသတ်လက်နက် ။

အဲ့တာအပြင် ရှောင်ကျန့်က အိုမီဂါတိုင်းရဲ့စိတ်ကူးထဲက အယ်ဖာတစ်ယောက်ဖြစ်တယ် ။ အတိုက်အခိုက်ကလည်း ကျွမ်းကျင်တာမို့ ပြိုင်ဘက်တွေကလည်း အများကြီးပဲ ။ ငယ်ငယ်​လေးကတည်းက မိဘတွေမရှိတာကြောင့် ဘဝကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ရတယ် ။ အဲ့ဒီအချိန်မှာပဲ ဝမ်ရီပေါ်ဆိုတဲ့ သူ့ထက် အသက်ခြောက်နှစ်ငယ်တဲ့ ကလေးလေးက သူ့ရဲ့ဘဝထဲဝင်လာခဲ့ပြီး အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။

ဝမ်ရီပေါ်ရဲ့အမေနဲ့ သူရဲ့အမေက အချစ်ဆုံးသူငယ်ချင်းတွေ ။ ဝမ်ရီပေါ်ရဲ့အမေက အယ်ဖာတစ်ယောက်ဖြစ်ပြီး ကလေးမွေးပြီးပြီးချင်းမှာပဲ ဆုံးသွားခဲ့တယ်။ ဆိုင်လားမဆိုင်လားတော့မသိပေမဲ့ ဝမ်ရီပေါ်ရဲ့အမေ သေဆုံးသွားတဲ့အချိန်မှာတော့ သူ့ရဲ့အ​မေကလည်း ကိုယ့်ကိုသတ်သေသွားခဲ့တယ် ။ အဲ့ဒီနောက်မှာတော့ ဝမ်ရီပေါ်ရဲ့အဖေက မိဘမဲ့ဖြစ်တဲ့သူ့ကို ခေါ်ယူမွေးစားခဲ့တယ် ။

My Lovely Omega [ Completed ] Where stories live. Discover now