part. 19

37.5K 3.7K 139
                                    

ဝမ်ရီ​​​ပေါ်က သူရဲ့ဝမ်းကွဲအကိုဟာ ရန်စစ်ဖြစ်ကြောင်းသိသွားတဲ့အခါမှာတော့ အနည်းငယ်အံ့သြသွားခဲ့တယ် ။ ရန်စစ်က သူ့ရဲ့ဝမ်းကွဲအကိုဖြစ်နေမယ်လို့ လုံးဝမထင်မှတ်ထားခဲ့ဘူး ။ မိသားစုညစာစားပွဲမှာ သူ့ကိုရည်ရွယ်ချက်ရှိရှိ စနှောက်နေတဲ့ရန်စစ်ကြောင့် မသိချင်ယောင်ဆောင်နေပေမဲ့ အားလုံးကဝိုင်းရယ်လာအခါမှာတော့ မျက်နှာပူလာတယ် ။ အဲ့တာကြောင့်မို့ မိသားစုဝင်တွေကိုနှုတ်ဆက်ကာ ပြန်လာခဲ့လိုက်​တော့တယ် ။

စစ်တပ်ထဲကိုကျတော့လည်း မပြန်ချင်​သေးဘူး ။ အဲ့ဒီ​နေရာမှာ ကိုကိုမှမရှိတာ ။ အိမ်မှာများရှိနေနိုင်မလား ? ။ ဖြစ်နိုင်တယ်! ကိုကိုက ဆေးရုံကဆင်းထားတာမကြာသေးတော့ အိမ်မှာအနားယူနိုင်တယ် ။ လွန်ခဲ့တဲ့အပတ်က အထက်အရာရှိခေါင်းဆောင်က သူတို့ကိုပြင်းပြင်းထန်ထန်လေ့ကျင့်ဖို့ ပိုတိုက်တွန်းလာတယ် ။ စစ်သားတွေကလည်း ဘာအတွက်လဲဆိုတာ နားလည်ကြတယ် ။

နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေတဲ့ကြားကပဲ သူတို့တွေက ဇန်ဇီနိုင်ငံကို နိုင်ငံကိုယ်စားပြုလက်ရွေးစင်တွေအဖြစ် သွားရောက်ယှဉ်ပြိုင်ရတော့မယ်မလား ။ သေချာဂရုစိုက်သင့်တာပေါ့ ။ အဲ့ဒီနိုင်ငံကလူတွေက သူတို့ကိုဖိနှိပ်ဖို့ ကြိုးစားလာမယ်ဆိုတာ ကျိန်သေး​နေတယ် ။ ပြီးတော့ လာရက်နိုင်ငံကလည်း ပြီးခဲ့တဲ့အကြိမ်ကတည်းက သူတို့နဲ့ငြိခဲ့ဖူးတယ် ။ အဲ့ဒီနိုင်ငံကလူတွေက ဇန်ဇီနိုင်ငံကလူတွေနဲ့ ပူးပေါင်းမယ်ဆိုတာ လုံးဝသေချာတယ် ။ သူတို့အားလုံးက သူရဲ့ကိုကို့ကို ပစ်မှတ်ထားကြမှာ ။

ကိုကိုက သူတို့နှစ်နိုင်ငံလုံးကလူတွေကို သတ်ဖြတ်ထားတယ်မလား ။ ဝမ်ရီပေါ်က ဒီအကြောင်းတွေကိုတွေးရင်းနဲ့ အားငယ်စိတ်တွေဝင်လာတယ် ။ သူက အခုအချိန်အထိမသန်မာသေးဘူး ။ ကိုကို့ကိုလုံလောက်အောင် မကာကွယ်ပေးနိုင်သေးဘူး ။ လေးလံနေတဲ့ခြေလှမ်းတွေနဲ့ ကိုကို့စီလာခဲ့တယ် ။ အဲ့ဒီအချိန်မှာပဲ သူရဲ့ဆက်သွယ်ရေးကိရိယာလေးက အော်တိုပွင့်လာတယ် ။ ပြန်ပိတ်မလို့လုပ်ခဲ့ပေမဲ့ အဖေဖြစ်သူရဲ့အသံကို ကြားလိုက်ရတာကြောင့် ဆက်နားထောင်နေမိတယ် ။

My Lovely Omega [ Completed ] Where stories live. Discover now