part. 40

26.8K 2.7K 26
                                    

ဝမ်ရီပေါ်ဟာ ကိုကိုအသက်ရှင်နေသေးတဲ့ အကြောင်းကို ရန်စစ်နဲ့ ထျန်ဖုန်းကလွဲပြီး ဘယ်သူကိုမှမပြောပြခဲ့ဘူး ။ အခုဆိုရင် ကိုကိုက အသက်ရှင်​နေသေးတာမို့ သူတို့ရဲ့အစီအစဉ်ဟာလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်တယ် ။ ဇန်ဇီနိုင်ငံကို ဖျက်စီးမဲ့အကြံကို လက်လျော့လိုက်ပြီး ကိုကိုရဲ့ဦးလေးစကားအတိုင်း ကျီလျုံကိုပဲ တိုက်ရိုက်ဖျက်စီးဖို့ ရွေးချယ်ခဲ့တယ် ။ အဲ့ဒီလူရဲ့မကောင်းတဲ့ လုပ်ရပ်တွေကိုဖော်ထုတ်ကာ သေတာထက်ဆိုးတဲ့ အရှက်ရမှူကို ဖန်တီးပေးမှာဖြစ်တယ် ။

သူခံစားခဲ့ရသလို အဲ့ဒီလူကိုလည်း ပြန်ခံစားခိုင်းမှာ ။ သူနာကျင်ရသလိုမျိုး အဲ့ဒီလူကိုလည်း နာကျင်အောင်ပြန်လုပ်မှာ ။ ဒီအတိုင်း သေဆုံးခွင့်မပေးနိုင်ဘူး ။ အဲ့ဒီလူရဲ့ဂုဏ်သိက္ခာဆိုတာကြီးကို ပျော်ပျော်ကြီးနင်းခြေပြီး အဲ့ဒီလူ တန်ဖိုးထားတဲ့လူတွေကိုပါ တစ်ယောက်မကျန် ဖျက်စီးပစ်မှာ ။ အဲ့တာကြောင်မို့လို့ ဝမ်ရီပေါ်က မင်းသားကိုးကျီဖုန်းနဲ့ ပူးပေါင်းခဲ့တယ် ။ ကျီဖုန်းရဲ့လက်ထဲမှာလည်း ကျီလျုံကျူးလွန်ခဲ့တဲ့ မကောင်းတဲ့လုပ်ရပ်တွေအတွက် သက်သေတွေရှိနေပြီ ။

ဇန်ဇီနိုင်ငံရဲ့လက်ရှိဘုရင်ဟာ သူရဲ့ထီးနန်းဆက်ခံသူကို ရွေးချယ်ပြီးသွားပြီဖြစ်တယ် ။ အဲ့ဒီလူက မင်းသားကိုးကျီးဖုန်းဖြစ်ပြီး လာမဲ့အခမ်းအနားမှာပဲ တရားဝင်ကြေညာတော့မှာဖြစ်တယ် ။ ဝမ်ရီပေါ်က အဲ့ဒီသတင်းကိုသိထားတာကြောင့် ကျီလျုံဘက်က လှုပ်ရှားလာမဲ့အချိန်ကိုသာ စောင့်နေလိုက်တယ် ။ ကျီလျုံဆိုတဲ့လူက ဘယ်နည်းနဲ့မှ လက်ခံမှာမဟုတ်ဘူး ။ ပုန်ကန်ပြီး အာဏာလုလာလိမ့်မယ် ။ အဲ့ဒီလူက ကျီဖုန်းကို ဘုရင်အဖြစ်ခံမှာမဟုတ်ဘူး ။ သူလိုချင်တာကလည်း ဒါပဲ ။ သူက အဲ့ဒီလူ ပုန်ကန်လာမှာကို တမင်စောင့်နေခဲ့တာ ။

ဝမ်ရီပေါ်ဟာ ကျီလျုံကို သစ္စာဖောက်ဖြစ်အောင် ဖန်တီးချင်နေတာဖြစ်တယ် ။ တစ်နိုင်ငံလုံးကလူတွေက ကျီလျုံကို ပုန်ကန်သူဆိုပြီး မှတ်မိနေမဲ့အဖြစ်ကို လိုချင်နေတာဖြစ်တယ် ။ နာမည်ကြားတာနဲ့ မုန်းတီးစက်ဆုပ်ဖွယ်ဖြစ်အောင် လုပ်ချင်နေခဲ့တာဖြစ်တယ် ။ ကျီလျုံလိုလူမျိုးက အဲ့တာတွေကို သည်းခံနိုင်မှာမဟုတ်ဘူး ။ အဲ့ဒီလူဟာ သူရဲ့ဂုဏ်သိက္ခာကို သူရဲ့အသက်ထက်တောင် ပိုတန်ဖိုးထားသေးတယ်လေ ။ အောက်ဆုံးအထိ ပြုတ်ကျသွားတာကို လက်ခံနိုင်မှာမဟုတ်ဘူး ။ အရူးတစ်ယောက်လိုမျိုး သောင်းကြမ်းနေလိမ့်မယ် ။

My Lovely Omega [ Completed ] Where stories live. Discover now