part. 35

23.6K 2.7K 39
                                    

သုံးနှစ်ကြာပြီးနောက်.....

သုံးနှစ်ကြာသွားတဲ့နောက်မှာတော့ ရန်နိုင်ငံဟာ ဇ​န်ဇီနိုင်ငံလိုမျိုး အင်အားကြီးမားလာခဲ့တယ် ။ လာရက်နိုင်ငံကလည်း ရန်နိုင်ငံနဲ့ ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုလိုက်ကြောင်းကို တရားဝင်ကြေညာခဲ့တယ် ။ အဆင့်မြင့်စစ်ဗိုလ်ချုပ်ကြီး ဝမ်ကျားရန်ဟာ အငြိမ်စားယူသွားခဲ့ပြီး သားဖြစ်သူဝမ်ရီပေါ်ကို သူ့ရဲ့​အာဏာလွဲပြောင်းပေးတယ် ။ ရန်နိုင်ငံရဲ့ဘုရင်က ရန်စစ်ကို အိမ်ရှေ့မင်းစံသားအဖြစ် တရားဝင်ခန့်အပ်ခဲ့ပြီး စိတ်တိုင်းကျစီမံခွင့်ပေးထားတယ် ။

အခုဆိုရင် စစ်တပ်တစ်ခုလုံးဟာ စစ်ဗိုလ်ချုပ်ဝမ်ရီပေါ်ရဲ့လက်အောက်ကို လုံးဝရောက်ရှိသွားခဲ့ပြီဖြစ်တယ် ။ သူတို့တွေက ဝမ်ရီပေါ်ရဲ့စကားကို မျက်တောင်မခတ်နာခံကြတယ် ။ ဝမ်ရီပေါ်နဲ့ အရင်ကရင်းနှီးခဲ့တဲ့ အဖွဲ့သားတွေ၊ စီနီယာတွေကလည်း အခုဆိုရင် ဝမ်ရီပေါ်ကို ဗိုလ်ချုပ်လို့ တလေးတစားခေါ်ဆိုနေပြီ ။ အထူးတပ်ဖွဲ့ရဲ့ခေါင်းတောင်ဖြစ်တဲ့ ရှောင်ကျန့်ရဲ့သေဆုံးမှုက သူတို့ရဲ့နှလုံးသားတွေကို အေးစက်လာစေခဲ့တယ် ။ ခေါင်းဆောင်ကို အရိပ်တကြည့်ကြည့်နဲ့ချစ်တဲ့ ဝမ်ရီပေါ်ဆိုရင် ပြောစရာတောင်မလိုတော့ ။

" ဗိုလ်ချုပ် မင်းသားရန်စစ်က ဗိုလ်ချုပ်ကို တွေ့ခွင့်တောင်းနေပါတယ် ''

" အထဲခေါ်ခဲ့ ''

ရန်စစ်ဟာ ဝမ်ရီပေါ်ကိုမြင်တော့ အသာသက်ပြင်းချမိတယ် ။ ဝမ်ရီပေါ်က အသက်ရှူနေတာကလွဲပြီး ကျန်တာတွေက စက်ရုပ်တစ်ရုပ်လိုပဲ ။

" ရီပေါ် မင်းကို ဒီလိုကြီးမနေပါနဲ့လို့ ငါမပြောထားဘူးလား ။ မင်းရဲ့အဖေကလည်း မင်းကြောင့် စိတ်ညစ်နေပြီ ။ သူ့မှာ မင်းတစ်ယောက်တည်းပဲ ရှိတော့တာ ။ မင်းသာတစ်ခုခုဖြစ်သွားရင် သူတောင့်မခံနိုင်လောက်ဘူး ''

"..........''

" မင်းအခုလိုနေနေတာကို ခေါင်းဆောင်လည်း မြင်ချင်မှာမဟုတ်ဘူး ''

"..........''

" ငါပြောတာကြားလား? "

" မင်းပြောလို့ပြီးပြီလား? ပြောလို့ပြီးရင်ထွက်သွားတော့ ''

My Lovely Omega [ Completed ] Where stories live. Discover now