part. 20

42.2K 3.7K 76
                                    

ရှောင်ကျန့်ဟာ နာကျင်မှုတွေနဲ့နိုးထလာခဲ့တယ် ။ သွေးကြောစိမ်းစိမ်းလေးတွေ ထင်းနေတဲ့လက်တစ်ဖက်က သူ့ကို ပိုင်ဆိုင်လိုမှုတွေနဲ့ ဖက်ထားတယ် ။ နည်းနည်းလေးလှုပ်လိုက်တာနဲ့ သူ့ရဲ့ခါးအောက်ပိုင်းကလည်း စူးကနည်းနာကျင်လာတယ် ။ နာကျင်မှုကိုအံတုကာ အနောက်ဘက်ကိုလှည့်လိုက်တော့ ချောမောလှပတဲ့ မျက်လေးတစ်ခုက သူ့ကို စီးကြိုနေတယ် ။ ရှောင်ကျန့်က ထိုမျက်နှာလေးကိုကြည့်ရင်း မျက်ရည်တွေစီးကျလာတယ် ။ အခုတော့ အားလုံးပြီးသွားပြီ ။

သူသိပ်ချစ်ရတဲ့ ဝမ်လေးရဲ့ဘဝကို သူကိုယ်တိုင်ပဲ ဖျက်စီးပစ်လိုက်တာ ။ ဝမ်လေးရဲ့အနာဂတ်က သူကြောင့်ခက်ခဲသွားပြီး ဆူးတွေနဲ့ပဲ ပြည့်နှက်နေတော့မှာ ။ ရှောင်ကျန့်က ကိုယ့်ကိုအားမလိုအားမရဖြစ်ကာ မုန်းတီးမိတယ် ။ ဒါပေမဲ့ သူ့ရဲ့အနားမှာ အိပ်စက်နေသေးတဲ့ချစ်ရသူကိုတော့ နည်းနည်းလေးတောင်မမုန်းမိပါ ။ ဝမ်လေးက သူ့ကြောင့် ဒီလိုတွေဖြစ်လာခဲ့တာမလား ။ သူသာခေါင်းမမာခဲ့ရင်၊ သူသာ ဦးလေးလျိုမင်ရဲ့စကားကိုနားထောင်ပြီး ဒီနိုင်ငံကထွက်သွားခဲ့ရင် ဒါတွေက ဖြစ်လာ​တော့မှာမဟုတ်ဘူး ။ အခုတော့... ။

ရှောင်ကျန့်က အသံတိတ်ငိုနေမိတယ် ။ ငိုလို့ဝသွားတဲ့နောက်မှာတော့ သူ့ကိုဖက်ထားတဲ့ရင်ခွင်ထဲကနေ ဖြည်းဖြည်းချင်းထွက်ကာ ခုတင်ပေါ်ကဆင်းလိုက်တယ် ။ ကြမ်းပြင်ပေါ်ကို ခြေထောက်ချကာ မတ်တပ်ရပ်မိတော့ လဲကျမလိုဖြစ်သွားတာမို့ မနည်းပြန်ထိန်းခဲ့ရတယ် ။ အဲ့ဒီ​နောက် ပေါင်တစ်လျှောက်စီးကျလာတဲ့ အရည်တွေကိုလျစ်လျူရှုကာ ရေချိုးခန်းထဲသွားလိုက်ပြီး ရေနွေးနွေးလေးနဲ့စိမ်ကာ မှေးနေမိတယ် ။ အဲ့ဒီအချိန်မှာပဲ မျက်လုံးထဲပြန်ပေါ်လာတဲ့ ညကအဖြစ်အပျက်တွေ ။

" ကိုကို ငါ မင်းကိုအရမ်းချစ်တယ်  ''

နီရဲနေတဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်ပြီး သူ့ရဲ့အဝတ်တွေကိုဆွဲဖြဲလာတဲ့ ဝမ်လေး ။ ကြမ်းတမ်းစွာနဲ့ပဲ သူ့ကိုကိုက်ဖြတ်ဖို့ ကြိုးစားနေတယ် ။ ဟင့်အင်း!! ဒါ...ဒါသူ့ဝမ်လေးမဟုတ်ဘူး ။ ဝမ်လေးက အရမ်းချစ်ဖို့ကောင်းတဲ့ကလေးလေး ။ ကိုကို ကိုကိုဆိုပြီး နှုတ်ခမ်းလေးဆူကာ သူ့ကိုအမြဲချွဲတက်တဲ့ကလေးလေး ။

My Lovely Omega [ Completed ] Where stories live. Discover now