part. 45

27.4K 2.7K 59
                                    

အခုတစ်လော မကြာခဏအော့အန်နေတဲ့ ဝမ်ရီပေါ်ကြောင့် ရှောင်ကျန့်က စိုးရိမ်သောကရောက်နေရှာတယ် ။ အခုလည်း ထပ်ပြီးအန်နေပြန်ပြီ ။ သူက စိတ်မပူပဲနေပါ့မလား ။ မနေ့ကဆိုရင်လည်း စားပြီးသားတွေအကုန်ပြန်အန်လို့ ဆေးတိုက်ထားရတယ် ။

" ဝမ်လေး ကိုကိုတို့ဆေးရုံသွားရအောင် မင်းနေမကောင်းဖြစ်နေတယ်ထင်တယ် ''

" မောင်အဆင်ပြေပါတယ် ကိုကိုရဲ့ ''

ရှောင်ကျန့်ဟာ ဝမ်ရီ​ပေါ်ရဲ့နွမ်းဖပ်နေတဲ့ မျက်နှာလေးကိုကြည့်ပြီး အရမ်းဝမ်းနည်းလာတယ် ။ ဒီကလေးက သူ့ကို စိတ်မပူစေချင်လို့ အခုလိုပြောတယ်ဆိုတာကိုသိနေတော့ ပိုဆိုးတာပေါ့ ။

" ဝမ်လေး အိမ်မှာပဲနားနေပါလား စစ်တပ်ထဲကို ကိုကို မင်းအစားသွားလိုက်မယ်လေ ''

" ကိုကိုကလည်း မောင်အဆင်ပြေပါတယ်ဆိုမှ ။ ပြီးတော မောင်ရဲ့ကိုကိုက ဒီလောက်လူကြိုက်များ မောင်က ကိုကို့ကို တစ်ယောက်တည်း လွှတ်လိုက်စရာလား? "

" ဒါပေမဲ့... "

" ကိုကိုရယ် ဘာတွေတွေးပူနေတာလဲကွာ မောင့်ကိုဖက်ထားပေး ကိုကိုဖက်ထားရင် ပင်ပန်းတာတွေက ပျောက်သွားလိမ့်မယ် ''

ဝမ်ရီပေါ်က ကိုကို့ရဲ့စိတ်ပူနေတဲ့ မျက်နှာလေးကိုမြင်တော့ အားတင်းကာပြုံးပြလိုက်တယ် ။ အမှန်အတိုင်းဝန်ခံရရင် သူ လုံးဝနေလို့မကောင်းဘူး ။ ခေါင်းတွေမူးနေပြီး အိပ်ယာထဲမှာပဲ အချိန်ပြည့်လှဲနေချင်တာ ။

" ဝမ်လေး မင်းရဲ့ကိုယ်တွေပူနေတယ် ကိုကိုစိတ်မချတော့ဘူးကွာ ။ ဆေးရုံမသွားချင်လဲ ဆရာဝန်ပဲ ခေါ်လိုက်တော့မယ် ''

" ကိုကို မောင် တကယ်အဆင်ပြေ... ''

ကိုကိုဟာ သူ့ရဲ့စကားကို ဆုံးအောင်တောင် နားမထောင်တော့ဘူး ။ ချက်ခြင်းပဲ ဖုန်းဆက်လို့နေတယ် ။ ဝမ်ရီပေါ်က စိတ်မောစွာ သက်ပြင်းချမိတယ် ။  ဆေးရုံမသွားချင်ဘူးဆိုတာက သူ့မှာ ရောဂါတစ်ခုခုရှိနေမှာကြောက်လို့ ။ ကိုကိုနဲ့အတူနေရတာတောင် ဘယ်လောက်မှမရှိသေးဘူး ။ ထပ်ပြီးတော့သာ ခွဲရအုံးမယ်ဆိုရင် သူတကယ်သေသွားလိမ့်မယ် ။ ဝမ်ရီပေါ်ဟာ မျက်နှာပျက်သထက် ပျက်လာတယ် ။ သူ့စီမှာ ရောဂါရှိနေရင် ဘယ်လိုလုပ်မလဲ? ။

My Lovely Omega [ Completed ] Où les histoires vivent. Découvrez maintenant