part. 17

32K 3.2K 19
                                    

" ရှောင်ကျန့် မင်း ငါ့ကို ဦးလေးလို့ခေါ်နိုင်တယ် ''

" ဒါ.. ဒါဆို ငါ့ရဲ့အဖေက? ''

" ဟုတ်တယ် မင်းတွေးထားသလိုပဲ မင်းရဲ့အဖေက ငါ့ရဲ့အကို ''

" ဘာလို့လဲ ? သူက ငါ့စီကို ဘာလို့တစ်ခါမှ​ရောက်မလာရတာလဲ!! အမေနဲ့ငါ့ကို ဘာလို့ချန်ထားခဲ့ရတာလဲ!! ''

ရှောင်ကျန့်က လျိုမင်ရဲ့ရင်ဘတ်တွေကိုထုရိုက်ကာ မေးနေခဲ့တယ် ။ နာတယ်!! ရင်ဘတ်ထဲက အရမ်းနာနေတယ် ။

" တကယ်တော့ သူက မင်းတို့ကိုပဲထားခဲ့တာမဟုတ်ဘူး ငါကိုရောပဲ ။ သူက ငါတို့အားလုံးကိုထားသွားခဲ့တာ ''

" ဦး... ဦးလေး မင်းပြောချင်တာက ''

" ဟုတ်တယ် မင်းရဲ့အဖေက သေသွားတာကြာလှပြီ ။ မင်းတို့သားအမိစီကို ဘာလို့ပြန်မလာနိုင်တာလဲဆိုတော့ သူက အဲ့ဒီအချိန်ကတည်းက လောကကြီးထဲမှာ ရှိမ​နေတော့လို့လေ ''

ရှောင်ကျန့်က မြေပြင်ပေါ် ကို အရုပ်ကြိုးပြတ်လဲကျသွားခဲ့တယ် ။ သူ့ရဲ့အဖေ... သူ့ရဲ့အဖေက သူ့နဲ့သူ့ရဲ့အမေကို အစောကြီးထားသွားခဲ့တာပဲ ။

" ရှောင်ကျန့် မင်းသိချင်​နေတယ်မလား ။ ငါက ဘာလို့နိုင်ငံပေါင်းစုံကိုလျှောက်သွားပြီး ဆေးပညာတွေ လေ့လာနေလဲဆိုတာကိုပေါ့ ။ တကယ်တော့ ငါက ငါ့ရဲ့အကိုကို ကူညီချင်လိုပဲ ။ ဒါပေမဲ့ သူကတော့ ငါ့ရဲ့မျက်စိအရှေ့မှာပဲ သေဆုံးခဲ့တယ် ''

" ကျွန်တော့်ကို အဖေနဲ့ပတ်သတ်တာတွေ ပို​ပြီးပြောပြပေးနိုင်မလား ''

" ငါ မင်းကို ပြောပြပေးနိုင်ပါတယ် ရှောင်ကျန့် ။  ပြီးတော့ ငါ မင်းကို ဘာလို့ကူညီနေရတာလဲဆိုတဲ့ အကြောင်းအရင်းကိုရောပေါ့ ''

"...........''

" ဘာလို့လဲဆိုရင် မင်းကလည်း ငါ့ရဲ့အကိုလိုမျိုး အိုမီဂါတစ်ယောက်ဖြစ်နေလို့လေ ''

" ကျွန်တော်ရဲ့အဖေက အိုမီဂါတစ်ယောက်လား? ''

" ဟုတ်တယ် သူကအိုမီဂါပဲ ။ မင်းက male omega နဲ့ female omega က မွေးလာတဲ့ကလေး '' [A/N~ ကိုယ့်ဘာသာစိတ်ကူးယဉ်တာဖြစ်လို့ မတူလည်းလက်ခံပေးပါ ။ ( *^* ) ]

My Lovely Omega [ Completed ] Dove le storie prendono vita. Scoprilo ora