part. 38

23.7K 2.7K 35
                                    

ဝမ်ရီပေါ်ဟာ သူရဲ့မျက်စိအရှေ့က လူနှစ်ယောက်ကြောင့် ကိုကို့ကို ပိုသတိရလာ​တော့တယ် ။ ကိုကိုသာ အသက်ရှင်နေသေးရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ။ ကိုကို ကျွန်တော်ကို ခဏလေးပဲ စောင့်နေပေးပါ ။ အရာအားလုံးပြီးဆုံးသွားတာနဲ့ ကျွန်တော် ကိုကိုရဲ့အနောက်ကို ချက်ခြင်းလိုက်ခဲ့လာပါမယ် ။ အဲ့ဒီနောက်မှာတော့ သူရဲ့အခန်းထဲက လူနှစ်ယောက်ကို မောင်းထုတ်ပစ်လိုက်တယ် ။

" ရန်စစ် မင်းတို့နှစ်ယောက် ငါ့ရဲ့အခန်းထဲကနေ အခုအချက်ခြင်းထွက်သွားတော့ ''

" ငါတို့က မင်းကို ဘာလုပ်နေလို့ထွက်သွားရမှာ? "

" နားငြီးတယ် မျက်လုံးနှောက်တယ် ဟုတ်ပြီလား? "

" မင်း... ကျစ်! ရှောင်ကျန့်ရဲ့ညီဖြစ်နေလို့ သည်းခံပေးလိုက်မယ် မဟုတ်လို့ကတော့ ငါ့ရဲ့လက်ထဲမှာ မင်းသေတာကြာ​နေပြီ ''

" အဟက်! လာလေကျယ်ပြန်ပြီ အနိုင်လည်းမယူနိုင်ပဲနဲ့ ။ ရန်စစ် မင်းရဲ့အကောင်ခေါ်သွား ။ ငါရဲ့မျက်စိရှေ့မှာရှိနေရင် ဘာလုပ်မိမလဲမသိဘူး ''

" ဘာကို ငါ့ရဲ့အကောင်လဲ? ထျန်းဖုန်းနဲ့ ငါက ရိုးရိုးသားသားမိတ်ဆွေတွေပါ ''

" မိတ်ဆွေ? မင်းပဲ အဲ့ဒီလိုထင်နေလိုက် ။ အခုတော့ ငါမအားသေးဘူး ငါမှာလုပ်စရာတွေရှိသေးတယ် ။ မကြာခင်မှာပဲ ဇန်ဇီနိုင်ငံကို စစ်ကြေညာဖို့ အဆင်သင့်ပြင်ထားရမယ် ''

ဝမ်ရီပေါ်ဟာ သူ့ကို မကျေနပ်ကြည့်ကာ ထွက်သွားတဲ့ထျန်ဖုန်းနဲ့ ငတုံးတစ်ယောက်တစ်ယောက်လို တုံးအနေတဲ့ရန်စစ်ကြောင့် သက်ပြင်းအကြိမ်ကြိမ်ချနေမိတယ် ။ ကိုကို မင်းရဲ့သူငယ်ချင်းက ရန်စစ်ကို သဘောကျနေတယ် ။ မင်း အဲ့တာကို သိထားပြီးသားမလား? ။ ကျွန်တော်မှာတော့ အဲ့တာကိုမသိပဲ သဝန်တွေတိုလိုက်ရတာ ။ အဲ့ဒီအချိန်တုန်းက ကျွန်တော် အများကြီးကလေးဆန်ခဲ့မိတာပဲ ။

ထျန်ဖုန်းက ရန်စစ်ကို ကြိုက်နေတယ်ဆိုတာ အရမ်းသိသာလွန်းတယ် ။ ဒါပေမဲ့ ရန်စစ်ကတော့ နည်းနည်းမှတောင် သတိမထားမိခဲ့ဘူး ။ ငတုံးတစ်ယောက်လိုမျိုး လုပ်နေတယ် ။ အဲ့ဒီအတိုင်းဆိုရင်တော့ သူတော့ အစားခံရတော့မှာပဲ ။ ကိုကို မင်းသိလား? ။ ထျန်ဖုန်းက ရန်နိုင်ငံကို မကြာခဏလာလည်ဖြစ်တယ် ။ ရောက်လာတိုင်းလည်း မင်းရဲ့အုတ်ဂူကိုသွားပြီး ငူငူကြီးထိုင်နေတက်တယ် ။ သူကလည်း ကျွန်​တော်လိုပဲ ကိုကို့ကိုလွမ်းနေတယ် ။

My Lovely Omega [ Completed ] Where stories live. Discover now