part. 10

32.3K 3.5K 30
                                    

ရှောင်ကျန့်က လျိုမင်နဲ့တွေ့ပြီးနောက် စစ်တပ်ထဲကို ပြန်လာခဲ့တယ် ။ ဆေးပုလင်းကို သေချာဆုပ်ကိုင်ထားကာ ထိုအရာကို မသုံးရဖို့လည်း မျှော်လင့်နေမိတယ် ။ အဲ့ဒီနောက်မှာတော့ တစ်ခုခုထူးခြားနေတာကို သတိထားမိသွားတယ် ။ ဘာလို့ ဒီလောက်တောင် ဆူညံနေရတာလဲ? ။ ပုံမှန်ဆိုရင် ဒီအချိန်က အားလုံးအိပ်နေကြတဲ့ အချိန်လေ ။ ဒါ​​ပေမဲ့ ​အခုတော့ တစ်ဆောင်လုံးက ဆူညံသံတွေနဲ့ ပြည့်နှက်နေတယ် ။

အဲ့တာကြောင့်မို့ ရှောင်ကျန့်က သူရဲ့ခြေလှမ်းတွေကို ဆူညံသံတွေထွက်နေတဲ့ အဆောင်အနောက်ဘက်အခြမ်းက ကွင်းပြင်စီ ဦးတည်လိုက်တယ် ။ ဘီယာပုလင်းတွေ အကင်တွေ အဟက်! သူမရှိတာကို အခွင့်ကောင်းယူပြီး သောင်းကြမ်းနေတာပဲ ။ အကုန်လုံးကို အပြစ်ပေးပစ်ရမယ် ။ ရှောင်ကျန့်ဟာ သူရဲ့လက်အောက်ငယ်သားတွေကို ပြုံးပြုံးကြီးစိုက်ကြည့်နေခဲ့တယ် ။

ရန်စစ်က ဝမ်ရီပေါ်ရဲ့ပုခုံးအပေါ်ကို လက်တင်ကာ ကျယ်လောင်စွာ ရယ်မောနေတယ် ။ ဝမ်ရီပေါ်ကတော့ မူးနေတဲ့အလား မျက်နှာတစ်ခုလုံး နီရဲနေတယ် ။ ရှောင်ကျန့်က မျက်ခုံးတွေ တွန့်ချိုးသွားတယ် ။ ကျစ်! ဒီကလေးကတော့လေ ဘီယာတွေ မသောက်နိုင်ပဲနဲ့ ဘယ်လောက်တောင် သောက်ထားပြန်တာလဲ ။ မျက်နှာတစ်ခုလုံးကို ရဲပလောင်းခတ်နေတော့တာပဲ ။

" ငါမရှိတုန်း သောင်း​​ကြမ်း​နေ​​ကြတယ်ပေါ့လေ ဟုတ်လား? "

ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေတဲ့ အသံတွေက တိကနည်းတိတ်ကျသွားတယ် ။ ခေါင်း.... ခေါင်းဆောင် ပြန်ရောက်လာပြီ ။ သူတို့တော့ အပြစ်ပေးရပြီပဲ ။ ရန်စစ်က ကျောက်ရုပ်တစ်ရုပ်လို တောင့်ခဲနေခဲ့တယ် ။ ရှောင်ကျန့်က ရန်စစ်ကို ပြုံးပြုံးကြီး စိုက်ကြည့်နေခဲ့တယ် ။ သူမရှိတာကို အခွင့်ကောင်းယူပြီး ဦးဆောင်စည်းကမ်းဖောက်တဲ့လူက ရန်စစ်ပဲဖြစ်ရမယ် ။

" ခေါင်း.... ခေါင်းဆောင် ပြန်ရောက်လာပြီလား? ''

" ဒီလောက်ညနက်နေတာတောင် ကိုယ့်အခန်းကိုမပြန်ပဲ သောင်းကြမ်းနေကြတယ်ပေါ့လေ ဟုတ်လား? ။ မနက်ဖြန်ကျရင် ဒီ​နေရာမှာရှိနေတဲ့ လူတွေအကုန်လုံး လေ့ကျင့်ရေးကွင်းကို အပတ်တစ်ထောင်ပြေးရမယ် ''

My Lovely Omega [ Completed ] Where stories live. Discover now