part. 39

24.2K 2.7K 30
                                    

ဝမ်ရီပေါ်ဟာ အဲ့ဒီနေရာကို ရောက်သွားတဲ့အချိန်မှာတော့ ကိုးနာရီခွဲတောင်ရှိနေခဲ့ပြီ ။ အဲ့တာကြောင့် သူ့ကိုချိန်ထားတဲ့လူက မရှိတော့ဘူး ။ သူနောက်ကျသွားခဲ့တာကြောင့် အဲ့ဒီလူကပြန်သွားခဲ့ပြီ ။ ဝမ်ရီပေါ်က ယူကျုံးမရဖြစ်ကာ အော်ဟစ်မိတယ် ။ ဘာလို့လဲ ? ဘာလို့စောင့်မနေရတာလဲ? ။ နာရီဝက်လေးစောင့်ပေးလိုက်ရင် ဘာဖြစ်မှာဟုတ်လို့လဲ ? ။ အခုတော့ သူရဲ့မျှော်လင့်ချက်လေးက တစ်စစီပျက်စီးသွားခဲ့ပြီ ။

" ရီပေါ်ရ အရမ်းစိတ်ဓာတ်မကျပါနဲ့ ။ တကယ်လို့ အဲ့ဒီစာက စနှောက်ထားတာဆိုရင်ရော?  ''

" ဘယ်သူက ငါ့ကို စနှောက်ရဲမှာလဲ ရန်စစ်? ။ ကိုကိုနဲ့ပတ်သတ်ရင် ငါက ဘယ်လိုရှိတယ်ဆိုတာကို အားလုံးက သိထားကြပြီးသား ။ ဘယ်သူကများ ဒီလိုနောက်ပြောင်ရဲမှာလဲ? "

ရန်စစ်က ဝမ်ရီပေါ်ရဲ့စကားတွေကြောင့် ငြိမ်ကျသွားတော့တယ် ။ သူလည်း ဝမ်ရီပေါ်လို မျှော်လင့်ထားခဲ့တာပဲလေ ။ ဒါပေမဲ့ နာရီဝက်နောက်ကျသွားတာကြောင့် လွဲချော်ခဲ့ရပြီ ။

ထျန်ဖုန်းက မျက်လုံးတွေ တွန့်ချိုးနေခဲ့တယ် ။ အဲ့ဒီနောက် ဝမ်ရီပေါ်ကိုကြည့်ကာ မေးလိုက်တယ် ။

" အဲ့ဒီစာကို ဘယ်သူပို့လိုက်လဲဆိုတာ သိလား? "

" အမည်မဖော်လိုသူတစ်ယောက်တဲ့ ''

" မင်းရဲ့လက်ထဲက ငါ့ကိုစာရွက်ခဏပေး ငါစစ်ကြည့်လိုက်မယ် ''

ဝမ်ရီပေါ်ဟာ သူရဲ့လက်ထဲကစာရွက်ကို ထျန်းဖုန်းကို အသာတကြည်ပေးလိုက်တယ် ။ အဲ့ဒီနောက်  စာရွက်ကို တရှုံ့ရှုံ့နမ်းရှုံ့နေတဲ့ ထျန်ဖုန်းကို တိတ်တိတ်လေး စောင့်ကြည့်နေခဲ့တယ် ။ ထျန်ဖုန်းကိုပဲအားကိုးရတော့မယ် ။ အဲ့ဒီအချိန်မှာပဲ ထျန်ဖုန်းက မျက်မှောက်ကျုံ့ကာဆိုလာတယ် ။

" မဖြစ်နိုင်တာ!! ''

" ဘာကိုလဲ ? ''

" ဒီစာရွက်သားက ရန်နိုင်ငံရဲ့စာရွက်သားမဟုတ်ဘူး ။ ငါထင်တာမမှားဘူးဆိုရင် ဇန်ဇီနိုင်ငံကပဲ ။ အဲ့တာကိုတောင်မှ တော်ဝင်မျိုးနွယ်တွေပဲ အသုံးပြုတာ ''

" ဇန်ဇီနိုင်ငံ? အဲ့တာက လုံးဝမဖြစ်နိုင်ဘူးလေ ။ အဲ့ဒီနိုင်ငံရဲ့လူတွေက ငါတို့်ကို ဘာလို့ဒီလိုလုပ်ရမှာလဲ ? ။ သူတို့အတွက် ဘာအကျိုးရှိသွားမှာကျလို့လဲ? ''

My Lovely Omega [ Completed ] Where stories live. Discover now