part. 33

23.5K 2.7K 36
                                    

" နောက်ဆုံးတော့ မင်းတို့ကိုရှာတွေ့ခဲ့ပြီ ''

ရှောင်ကျန့်က ထိုစကားကြောင့် နှုတ်ခမ်းတွေကို ပြတ်ထွက်မတက် ကိုက်ထားခဲ့တယ် ။ ဝမ်ရီပေါ်ဟာ ခံစားချက်တွေမကောင်းတာကြောင့် ကိုကိုရဲ့လက်လေးကို တင်းကြပ်စွာဆုပ်ကိုင်ထားမိတယ် ။

" ရှောင်ကျန့် ကိုယ်​တို့ထပ်တွေ့ပြန်ပြီနော် ''

ကျီလျုံဟာ သူ့ကို မကျေမနပ်ကြည့်နေတဲ့ ရှောင်ကျန့်ကို မျက်နှာပြောင်တိုက်ကာ နှုတ်ဆက်လာတယ် ။ အဲ့ဒီနောက် သူ့ရဲ့အကြည့်တွေကို ရှောင်ကျန့်ရဲ့ဘေးက လူစီရွှေ့လိုက်တယ် ။ အဲ့တာကြောင့်မို့လို့ ရှောင်ကျန့်​က ဝမ်ရီပေါ်ရဲ့အရှေ့မှာ ပိတ်ရပ်ထားမိတယ် ။

" သူက မင်းရဲ့ညီလေးလား ? ဒါပေမဲ့ မင်းတို့ရဲ့ပတ်သတ်မှုက တစ်ခုခုတော့တစ်ခုခုပဲ ''

" ကိုကို့ကို ထိရဲထိကြည့် ခင်များရဲ့နိုင်ငံကို ဖျက်စီးပစ်မယ်လို့ ကျိန်ဆိုတယ် ''

" အဟက် ! မင်းက ငါ့ရဲ့နိုင်ငံကိုဖျက်စီးမယ် ဟုတ်လား? ဘယ်လိုဟာသလဲ? ။ ရှောင်ကျန့် မင်းရဲ့ညီလေးက မင်းကို သဘောကျနေတဲ့ပုံပဲ ။ ကိုယ်တော့ သူ့ကို အ​သေသတ်ပစ်ချင်နေပြီ  ''

အဲ့ဒီအချိန်မှာပဲ ဝမ်ရီပေါ်က မြေကြီးအပေါ်ကို ဒူးထောက်ကာ လဲကျသွားခဲ့တယ် ။ ရှောင်ကျန့်က ကျီလျုံကို ဒေါသထွက်စွာစိုက်ကြည့်လာတယ် ။ အယ်ဖာချင်း ဟော်မုန်းတိုက်ခိုက်မှု!!

" ကျီလျုံ ဒါက ဘာသဘောလဲ? ''

" ကိုယ်ပြောပြီးပြီလေ မင်းရဲ့ဘဝမှန်ကို ဖော်ထုတ်မယ်လို့ ''

"..........''

" မင်းရဲ့ညီကို အသက်ရှင်စေချင်တယ်ဆိုရင် မင်းက အိုမီဂါဆိုတာကို ကိုယ့်စီမှာဝန်ခံလိုက် ''

"...........''

" ကိုယ်သုံးအထိပဲရေမယ် သုံး... နှစ်... ''

" ဟုတ်တယ် ငါက အိုမီဂါပဲ ''

" ကိုကို !!! ''

ဝမ်ရီပေါ်ဟာ အမှန်အတိုင်းဝန်ခံလိုက်တဲ့ ကိုကိုကြောင့် နာကျင်နေတဲ့ကြားက ဒေါသတကြီးအ်ာဟစ်မိတယ် ။ ကျီလျုံဆိုတဲ့လူကတော့ ကျေနပ်စွာရယ်မောနေတယ် ။ ကိုကိုအခုလိုဖြစ်တာက သူကြောင့်! သူကတရားခံ ။ သူမသန်မာလို့ ကိုကိုက သူ့ကိုကာကွယ်နေရတာ ။

My Lovely Omega [ Completed ] Where stories live. Discover now