part. 5

32.2K 3.5K 13
                                    

ဝမ်ရီပေါ်က စစ်တပ်ထဲရောက်နေတာ တစ်လကြာသွားပေမဲ့ ကိုကိုရဲ့သတင်းကိုတော့ နည်းနည်းလေးမှ မကြားရသေးချေ ။ ကိုကိုက တာဝန်ထမ်းဆောင်နေရလို့များလား ? ။ ဝမ်ရီပေါ်တစ်ယောက် လေ့ကျင့်ရေးကွင်းပြင်ထမှာ ပြေးရင်းနဲ့အတွေးများနေတယ် ။ အဲ့ဒါကြောင့် သူ့ရဲ့အနားကို ရောက်လာတဲ့လူကို သတိမထားမိခဲ့ချေ ။

စိမ်းရွှင်ရွှင်အနံကို ရပြီးတဲ့အချိန်မှာတော့ လေးလံတဲ့ဖိအားတစ်ချို့ကို ရင်ဆိုင်လိုက်ရတယ် ။ သူ့လှည့်ကြည့်လိုက်တော့ သူ့ကိုပြုံးပြီးကြည့်နေတဲ့ အမျိုးသမီးတစ်ယောက် ။

" ရှင်က တပ်ခွဲသုံးကစီနီယာတွေကို လက်စင်ပေးလိုက်တဲ့ ဂျူနီယာလေးပဲဖြစ်မယ် ။ ကျွန်မက တပ်ခွဲနှစ်ရဲ့ဒုခေါင်းဆောင်ပါ ''

ဝမ်ရီပေါ်က အဲ့ဒီအမျိုးသမီးကို သေချာကြည့်လိုက်တဲ့အခါမှာတော့ အိုမီဂါတစ်ယောက်ဖြစ်နေတာကို တွေ့ရှိခဲ့တယ် ။ စစ်တပ်ထဲက အိုမီဂါတွေဟာ သူ့ရဲ့အရင်ပတ်ဝန်းကျင်က အိုမီဂါတွေနဲ့ လုံးဝကွဲပြားနေတယ် ။ ဒီကအိုမီဂါတွေက အယ်ဖာနီးနီးကို သန်မာကြတယ် ။

အဲ့ဒီနောက်မှာတော့ ဝမ်ရီပေါ်ဟာ စိတ်မဝင်စားစွာ လှည့်ထွက်သွားလိုက်တယ် ။ ကိုကိုကလွဲပြီး ကျန်တဲ့လူတွေနဲ့ စကားမပြောချင်ဘူး ။ မာနကြီးတယ်ပြောလည်း အမှန်တရားပဲ ။ ကိုကိုတစ်ယောက်တည်းပဲ ကွက်မြင်တဲ့ မျက်လုံးတစ်စုံကို သူပိုင်တယ် ။

မကြာခင်မှာပဲ သူ့ရဲ့အနားကို ထပ်ရောက်လာတဲ့ လူတစ်ယောက် ။ ဝမ်ရီပေါ်က သက်ပြင်းချမိသွားတယ် ။ သူ့စီကိုပဲ ဘာလို့လာနေကြတာလဲ ။ သူ့ကို တစ်ယောက်တည်း လွှတ်ပေးထားလို့ မရကြဘူးလား ။ ထပ်ရောက်လာတဲ့လူက တစ်ခြားလူမဟုတ်ဘူး ။ ဟိုတစ်နေ့က သူကိုယ်တိုင် သင်ခန်းစာပေးခဲ့တဲ့ သူတို့တပ်ခွဲရဲ့ခေါင်းဆောင်ဖြစ်တယ် ။

" အသစ်ကလေး မင်းက အရည်အချင်းရှိတယ် ။ ဒီည ငါတို့နဲ့လိုက်ခဲ့လား? မင်းပါတော့ ငါတို့လည်း ပိုတောင့်တာပေါ့ ''

" ဘာကိုလဲ ?''

" ဒီနေ့မှာ တပ်ခွဲတိုင်းက ယှဉ်ပြိုင်တဲ့​ပြိုင်ပွဲတစ်ခုရှိတယ် မင်းရောပါမလား? ''

My Lovely Omega [ Completed ] Where stories live. Discover now