part. 4

33.8K 3.6K 14
                                    

ဝမ်ရီပေါ်က ကိုကိုရဲ့အရှေ့မှာ ဟော်မုန်းတွေ မထုတ်မိအောင် အမြဲသတိထားပြီး နေထိုင်ခဲ့တယ် ။ ဘာ​ဖြစ်​လို့လဲဆိုရင် ကိုကိုဟာ သူပိုင်ဆိုင်ချင်တဲ့ တစ်ဦးတည်းသောလူ ဖြစ်နေခဲ့လို့ပဲ ။ လိင်တူအယ်ဖာအချင်းချင်း ဟော်မုန်းထုတ်ပြတာက စိန်ခေါ်ချင်တဲ့ သဘောကလွဲပြီး ဘာမှမရှိဘူးလေ ။ ကိုကိုက သူ့ကိုအထင်လွဲသွားမှာကို သူသိပ်ကြောက်တယ် ။

ကိုကိုရဲ့အယ်ဖာဟော်မုန်းက မြေကြီးအနံ့နဲ့ တူတယ်လို့ပြောကြ​ပေမဲ့ သူကတော့ ဘာအနံ့မှမရပေ ။ အဲ့ဒီအစား ကိုကို့ရဲ့အနားကို ကပ်သွားတိုင်း ကြာပန်းလို အနံ့သင်းသင်းလေးသာရတယ် ။ သူတစ်ယောက်ထဲကပဲ အဲ့ဒီအနံ့ကိုရနေတာမို့ ထူးဆန်းတယ်လည်း ထင်မိခဲ့တယ် ။ ဒါက ကိုကို့ကိုချစ်လွန်းလို့ ဖြစ်လာတာပဲနေမှာ ။

သူရဲ့အယ်ဖာဟော်မုန်းက ပင်လယ်က ဆားငံရည်နဲ့တူတယ်လို့ သူ့အဖေကပြောတယ် ။ အဲ့ဒီအနံ့က အရမ်းပြင်းတဲ့အနံ့ဖြစ်ပြီး အယ်ဖာအများစု​က တောင့်မခံနိုင်ဘူး ။ တကယ်လို့ သူသာ အိုမီဂါတစ်ယောက်နဲ့ အတူနေဖို့အလိုရှိတယ်ဆိုရင် ဟော်မုန်းတွေကို ထုတ်လိုက်ရုံနဲ့တင် အဆင်ပြေပြီ ။ သူရဲ့ဟော်မုန်းကို ဘယ်အိုမီဂါကမှ မတောင့်ခံနိုင်ခံကြဘူး ။ အိုမီဂါတွေဟာ သူ့ရဲ့ဟော်မုန်းအောက်မှာ ကျရှုံးသွားမှာဖြစ်တယ် ။

ဟူး! ဒါတွေသာ ကိုကိုရဲ့အပေါ်ကို သက်ရောက်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ။ အခုတော့ ကိုကိုမရှိတော့တဲ့အိမ်ကြီးမှာ သူတစ်ယောက်တည်း အထီးကျန်နေရတယ် ။ ကိုကိုရဲ့အခန်းထဲကို သွားလိုက်တော့ ပစ္စည်းအားလုံးက နေရာတကျ စီစီရီရီနဲ့ ရှိလို့နေတယ် ။ ကိုကိုနဲ့အတူရိုက်ထားတဲ့ သူရဲ့ဓာတ်ပုံလေးတွေ ။ ကိုကိုက ဘာလို့များ သူရဲ့ဓာတ်ပုံတွေကို မယူသွားပဲထားခဲ့ရတာလဲ ။

ဝမ်ရီပေါ်ဟာ ကိုကိုရဲ့ခေါင်းအုံးလေးကို ပိုက်ပြီး မွေ့ယာပေါ်မှာ ပုစွန်ထုတ်လေးလို ကွေးနိုင်သမျှ ကွေးကွေးလေးနေကာ အလွမ်းဖြေနေမိတယ် ။ လွမ်းလိုက်တာ ကိုကိုရယ် ။

သူကြီးလာရင် စစ်တပ်ထဲဝင်ရမယ် ။ အဲ့တာမှ ကိုကိုနဲ့ အမြန်ပြန်တွေ့နိုင်မှာ ။ ကိုကိုရဲ့အနားမှာ ဘယ်အိုမီဂါမှ ရှိမနေရင်တော့ အကောင်းဆုံးပေါ့ ။ မဟုတ်လို့ရှိရင် အဲ့ဒီအိုမီဂါကိုစွဲဆောင်ဖို့ သူဝန်လေးနေမှာ မဟုတ်ဘူး ။ ကိုကိုက သူတစ်ယောက်တည်းရဲ့အပိုင် ။ အယ်ဖာဖြစ်နေတယ်ဆိုရင်တောင်မှ သူကလွဲပြီး ကိုကိုရဲ့အနားမှာ ဘယ်သူမှမရှိရဘူး ။ သူက အားလုံးကိုဖယ်ရှားပစ်မယ် ။

My Lovely Omega [ Completed ] Where stories live. Discover now