part. 46

29.9K 2.7K 66
                                    

ဝမ်ရီပေါ်နဲ့ ရှောင်ကျန့်က တစ်ညလုံးမအိပ်လိုက်ရပဲ ထျန်ဖုန်းရဲ့စကားတွေကိုသာ နားထောင်နေခဲ့ရတယ် ။ ထျန်းဖုန်းဟာ ဒေါသတွေထွက်နေပြီး သူ့ရဲ့နိုင်ငံကိုပဲ ပြန်တော့မယ်ဆိုတဲ့ အကြောင်းတွေကို တဖွဖွပြောနေခဲ့တယ် ။ အဲ့တာကြောင့်မို့လို့ ရှောင်ကျန့်က စိတ်လျော့ဖို့ဖျောင်းဖျနေရတယ် ။ တကယ်မဟုတ်မှန်း သိ​နေပေမဲ့လည်းပေါ့ ။ ထျန်ဖုန်းလား ရန်စစ်ကို ထားသွားနိုင်မှာ ။ ဟိုကလည်း ခွင့်ပြုမယ်ဆိုတော့လေ ။

ဝမ်ရီပေါ်ဟာ အကြောင်းစုံကို သိသွားတဲ့အခါမှာတော့ သူ့ရဲ့ရယ်ချင်စိတ်ကို ထိန်းမထားနိုင်တော့ဘူး ။ အဲ့တာကြောင့် ချောင်းတစ်ချက်ဟန့်မိတယ် ။ ရယ်လိုက်လို့ မဖြစ်ဘူးလေ ။ မဟုတ်ရင် ထျန်းဖုန်းရဲ့ဒေါသက သူ့စီ​ရောက်လာလိမ့်မယ် ။ သူငယ်ချင်းဖြစ်သူ အောက်မရောက်စေဖို့အတွက် သူက သူ့ရဲ့အတွေ့အကြုံတွေကို သေချာပြောပြ​​ပေးထားခဲ့တယ် ။ အဓိကကတော့ ထျန်ဖုန်းဆိုတဲ့လူကို ကြည့်မရတာကြောင့်ပင် ။

ထျန်ဖုန်းက ရန်စစ်ထက်စာရင် အထက်အနေအထားနဲ့ ပိုပြီးကိုက်ညီပေမဲ့ အတွေ့အကြုံမရှိတာကြောင့် အရေးနိမ့်သွားခဲ့တယ် ။ ထျန်ဖုန်းက အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး မကျေမနပ်ဖြစ်နေခဲ့တယ် ။ အဲ့ဒီအချိန်မှာပဲ ရန်စစ်က မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေတာကိုမြင်တော့ သဝန်တွေတိုကာ ပြသာနာတက်တော့တယ် ။ ရန်စစ်က ထျန်းဖုန်းကို အော်မိသွားတာကြောင့် အခုလိုမျိုးဖြစ်လာခဲ့တာ ။ ထျန်ဖုန်းက ရန်စစ်ရဲ့အိမ်ကနေ ဆင်းလာခဲ့တယ်လေ ။ ရန်စစ်ကတော့ ဘယ်လိုကျန်နေခဲ့မယ်မှန်းမသိ ။

" ဝမ်လေး ကိုကိုကြိုပြောထားမယ်နော် ထျန်ဖုန်းကိုသွားမစနဲ့ မဟုတ်ရင် ကိုကိုပြန်လာရင် ဝမ်လေးကိုစိတ်ဆိုးမှာ ''

" ကိုကိုကလည်း မောင်ကိုစိတ်ချပါ ဟုတ်ပြီလား ? အလုပ်ကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့လုပ် မောင် ပြသာနာမှမရှာဖူးလို့ ကတိပေးတယ် ''

ကိုကိုဟာ သူ့ကိုစိတ်မချတဲ့အလား ထပ်ခါထပ်ခါ မှာကြားလို့နေတယ် ။ အဲ့ဒီနောက်မှာတော့ သူနဲ့ ထျန်ဖုန်းကို အတန်ကြာစိုက်ကြည့်ကာ ထွက်သွားခဲ့တယ် ။ ဝမ်ရီပေါ်က ကိုကိုမရှိတော့တာနဲ့ အိပ်ခန်းထဲဝင်ကာ ထပ်မံအိပ်နေမိတယ် ။ ခေါင်းတွေအရမ်းမူးပြီး ကိုယ်လက်မအီမသာဖြစ်နေတာမို့ အိပ်ယာထဲက​နေ လုံးဝမထချင်ဘူး ။ ဒါပေမဲ့ ကိုကိုစိတ်ပူနေမှာဆိုးလို့ ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့တယ် ။ ဟူး! ဘာလို့ အန်ပဲအန်ချင်နေရတာလဲ ။

My Lovely Omega [ Completed ] Where stories live. Discover now