part. 8

31.6K 3.6K 24
                                    

ရှောင်ကျန့်ဟာ သူရဲ့ကန်ချက်တိုင်းကို တောင့်ခံနိုင်တဲ့ တစ်ဖက်လူကြောင့် မျက်ခုံးတွေ ပင့်မိသွားတယ် ။ သူ့ရဲ့ခွန်အား​တွေကို တစ်ဝက်လောက်အထိ လျော့ချထားခဲ့ပေမဲ့ တစ်ဖက်လူရဲ့တုံ့ပြန်မှုက သူ့ကို စိတ်မပျက်စေဘူး ။  မဆိုးဘူး အလားအလာရှိတယ် ။ ဒါပေမဲ့ တစ်ဖက်လူဟာ စိတ်မရှည်တော့တဲ့အလား ဟော်မုန်းတွေသုံးပြီး တိုက်ခိုက်လာခဲ့တယ် ။

ရှောင်ကျန့်က ဟော်မုန်းတွေကြောင့် မျက်နှာပျက်သွားခဲ့တယ် ။ တစ်ဖက်လူရဲ့ဟော်မုန်းက အရမ်းပြင်းလွန်းတယ် ။ သူမခံနိုင်လောက်ဘူး ။ အဲ့တာကြောင့်မို့ ပြိုင်ပွဲကို မြန်မြန်အဆုံးသတ်ဖို့ ပြင်လိုက်တယ် ။ မဟုတ်ရင် သူ့ကိုယ်သူ ထိန်းနိုင်တော့မှာမဟုတ်ဘူး ။ ကျစ်! စိတ်ရှုပ်စရာပဲ ။ ရှောင်ကျန့်ဟာ တစ်ဖက်လူကို ဒေါသထွက်သွားခဲ့တယ် ။ အဲ့တာကြောင့် သူရဲ့ခွန်အားတွေကို မလျော့ချပဲ အားကုန်သုံးကာ တိုက်ခိုက်ခဲ့တယ် ။

တစ်ဖက်လူဟာ သူ့ကိုရှုံးနိမ့်သွားခဲ့ပေမဲ့ သူရဲ့မျက်နှာဖုံးကိုတော့ မရရအောင် ဖယ်ရှားပစ်နိုင်ခဲ့တယ် ။ အဲ့ဒီနောက်မှာတော့ သူ့ကို မျက်တောင်ခတ်ငေးကြည့်ကာ ကိုကိုလို့ခေါ်လာခဲ့တယ် ။ ရှောင်ကျန့်က မျက်မှောင်ကျုံ့မိသွားတယ် ။ ကိုကို? မဟုတ်မှလွဲရော သူရဲ့ဝမ်လေးလား? ။ အဲ့ဒီကလေးက ဘယ်အချိန်ကစလို့ ဒီလောက်အထိ သန်မာလာရတာလဲ? ။ ကြောက်တက်ပြီး အားငယ်တက်တဲ့ ကလေးက စစ်တပ်ထဲမှာ ဘာလာလုပ်နေတာလဲ ? ။

ဝမ်ရီပေါ်ဟာ တစ်ဖက်လူက သူရဲ့ကိုကိုဖြစ်နေတာကို သိသွားတာနဲ့တပြိုင်နက် ဟော်မုန်းတွေကို ချက်ခြင်းပြန်သိမ်းခဲ့တယ် ။ အဲ့ဒီနောက် လဲကျမလိုဖြစ်နေတဲ့ ကိုကို့ရဲ့အနားကိုသွားကာ နဖူးပေါ်ကချွေးတွေကို ဂရုတစိုက်သုတ်ပေးလိုက်တယ် ။ အထူးတပ်ဖွဲ့ရဲ့ခေါင်းဆောင်က သူရဲ့ကိုကိုတဲ့လား ။ ကိုကိုက အရမ်းအံ့သြဖို့ကောင်းတာပဲ ။

ရှောင်ကျန့်က အဲ့ဒီကျတော့မှ ပုံမှန်ပြန်ဖြစ်သွားခဲ့တယ် ။ ရီပေါ်ရဲ့ဟော်မုန်းတွေက သူ့အပေါ်မှာ အလွန်သက်ရောက်မှု့ရှိတယ် ။ မဖြစ်သေးပါဘူး ရီပေါ်နဲ့ဝေးဝေးမှာ နေမှဖြစ်မယ် ။ မဟုတ်ရင် ရီပေါ်က သူ အိုမီဂါဆိုတာကို ရှာတွေ့သွားလိမ့်မယ် ။

My Lovely Omega [ Completed ] Kde žijí příběhy. Začni objevovat