part. 37

23.6K 2.7K 47
                                    

" သူသတိမရသေးဘူးလား ကျီဖုန်း? ''

လျိုမင်က အိပ်ယာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ကောင်လေးကိုကြည့်ကာ ဆိုလိုက်တယ် ။ အဖြေကိုသိထားပြီးပြီပေမဲ့ ဒီမေးခွန်းကိုပဲ ထပ်ခါထပ်ခါမေးနေမိတယ် ။

" အရမ်းမစိုးရိမ်ပါနဲ့ ရှောင်ကျန့်က သန်မာတယ် ။ သူက မကြာခင်နိုးလာတော့မှာပါ ''

ကျီဖုန်းဟာ မျက်ရည်တွေစီးကျနေတဲ့ လျိုမင်ကို နှစ်သိမ့်ပေးနေခဲ့တယ် ။ လျိုမင်က အများကြီးငိုခဲ့ရပြီးပြီ ။ အများကြီးလည်း ဝမ်းနည်းခဲ့ရပြီးပြီ ။ လျိုမင်ရဲ့မျက်ရည်တွေကို သူထပ်ပြီးတော့မမြင်ချင်တော့ဘူး ။ အဲ့ဒီနောက်မှာတော့ လျိုမင်က သူ့ကိုဆိုလာခဲ့တယ် ။

" ငါကြားတာကတော့ ဝမ်ရီပေါ်ဆိုတဲ့ကလေးက မင်းတို့ရဲ့ဇန်ဇီနိုင်ငံကို အမြစ်ဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ ။ ငါက ဒီနိုင်ငံကို စိတ်နာနေတယ်ဆိုပေမဲ့ ပျောက်ကွယ်သွားမှာကိုတော့ မလိုချင်ဘူး ။ ဒီနိုင်ငံက ငါ့ရဲ့မွေးရပ်မြေဖြစ်သလို အကိုလျိုချင်နဲ့ အမှတ်တရများစွာရှိခဲ့ဖူးတဲ့ နေရာလည်းဖြစ်နေတယ်  ''

" လျိုမင် မင်းအရမ်းပင်ပန်းနေပြီမလား? ငါတို့တွေ ဘယ်သူမှမရှိတဲ့နေရာကို ထွက်သွားကြမလား? မင်းလည်း အခုလိုစိတ်ပူနေစရာမလိုတော့ဘူးလေ ''

" ဟင့်အင်း! ငါရှောင်မပြေးချင်တော့ဘူး ။ ငါရဲ့ဘဝတစ်လျှောက်လုံး ရှောင်ပြေးနေခဲ့ရတာ ဒီလောက်ဆိုရင် လုံလောက်နေပါပြီ ။ အဲ့တာကြောင့် ရဲရဲဝင့်ဝင့်ရင်ဆိုင်ဖို့ ငါဆုံးဖြတ်လိုက်ပြီ ''

" ငါ... ငါတောင်းပန်ပါတယ် မင်းကို ပျော်ရွှင်စေရမယ်လို့ ကတိပေးထားခဲ့ပေမဲ့ ငါမလုပ်ပေးနိုင်ခဲ့ဘူး ။ မင်းနဲ့ မင်းရဲ့အကို ဒုက္ခရောက်နေတဲ့အချိန်မှာ အော်ဟစ်နေတာကလွဲပြီး ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး ။ တောင်းပန်ပါတယ် ငါ့ရဲ့ကတိတွေကို မတည်နိုင်ခဲ့တဲ့အတွက်၊ မင်း အခက်ခဲဆုံးဖြစ်နေတဲ့အချိန်တွေမှာ အနားမှာမရှိပေးနိုင်ခဲ့တဲ့အတွက် ''

" ငါ့ကို တောင်းပန်စရာမလိုပါဘူး မင်းလုပ်ပေးခဲ့တာတွေက လုံလောက်နေပါပြီ ။ ငါ့ကိုကယ်ဖို့ကြိုးစားခဲ့လို့ မင်းလည်း အများကြီးဆုံးရှုံးသွားခဲ့တာပဲ ။ မင်းရဲ့ဦးလေးက ငါတို့ကိုကယ်တင်ခဲ့လို့ သေဆုံးသွားခဲ့တာလေ ။ ငါကတောင် မင်းကိုပြန်တောင်းပန်ရမှာ ။ ငါကသာ မင်းအပေါ်မှာအကြွေးတင်နေတာပါ ကျီဖုန်းရယ် ''

My Lovely Omega [ Completed ] Where stories live. Discover now