part. 11

31.2K 3.3K 30
                                    

ဝမ်ရီပေါ်ဟာ ကိုက်ခဲနေတဲ့ခေါင်းနဲ့အတူ နိုးလာခဲ့တယ် ။ နာရီကိုကြည့်လိုက်တော့ ရှစ်နာရီဆယ့်ငါးမိနစ် ဖြစ်နေ​ပြီဖြစ်တာမို့ ကမန်းကတန်းထကာ ရေမိုးချိုးမျက်နှာသစ်ပြီး လေ့ကျင့်ရေးကွင်းထဲကို အပြေးသွားလိုက်တယ် ။ ကိုကိုကတော့ သူ့ကိုဆူတော့မှာပဲ ။ မနေ့ညက သူ့ကိုလာခေါ်တဲ့ ရန်စစ်ကြောင့် မ​​ငြင်းနိုင်ပဲ လိုက်သွားခဲ့ရတယ် ။

အသစ်လေးတွေကို ကြိုဆိုတယ်ဆိုပြီး သူနဲ့ကျူးကျားရန်ကို ဘီယာတွေ အတင်းတိုက်နေတာမို့လည်း သောက်ခဲ့ရသေးတယ် ။ ဘီယာ တစ်ခါမှမသောက်ဖူးတဲ့ သူ့အတွက် ခွက်အကြီးကြီးတစ်ခွက်ကို ကုန်အောင် မနည်းသောက်ပြီးသွားတဲ့ အချိန်မှာတော့ လောကကြီးတစ်ခုလုံးက မှောင်မိုက်သွားခဲ့တယ် ။

ဘယ်လိုလုပ်ပြီး အိပ်ခန်းထဲကို ပြန်ရောက်လာတာလဲ ဆိုတာကိုလည်း မမှတ်မိတော့ဘူး ။ ငယ်ငယ်လေးကတည်းက နူးညံတဲ့ ကလေးဖြစ်အောင် ကြိုးစားနေထိုင်ခဲ့တဲ့သူက အပျော်အပါးတွေဆို လုံးဝရှောင်တယ် ။ ကိုကို့ရဲ့အနားမှာပဲ အမြဲကပ်နေပြီး ကလေးတစ်ယောက်လို ချွဲလို့ကောင်းနေတုန်း ။

ကိုကိုက စစ်တပ်ထဲကို ဝင်သွားတဲ့အချိန်မှာတောင် အသည်းကွဲတာကို အပျော်အပါးတွေနဲ့ ဖြေသိမ့်ခဲ့တာမဟုတ်ဘူး ။ အဲ့ဒီအစား ကိုကို့ရဲ့အနောက်ကို လိုက်သွားဖို့သာ ရွေးချယ်ခဲ့တယ် ။ စစ်တပ်ဆိုတဲ့နေရာက ဝင်ရောက်ဖို့ အရမ်းခက်ခဲတယ် ။ နောက်ခံတောင့်နေရင်တောင်မှ သိပ်အဆင်ပြေတာမဟုတ်ဘူး ။ ရှစ်ဆယ်ရာခိုင်နှုန်းက ကိုယ့်ရဲ့ခွန်းအားနဲ့ ညာဏ်ပညာအပေါ်မှာပဲ မူတည်နေတယ် ။

ဝင်ခွင့်စာမေးပွဲအောင်ဖို့အတွက် ဂလက်စီတစ်ခုလုံးက ရှိသမျှနိုင်ငံတွေနဲ့ ဂြိုလ်သားကောင်တွေ အကြောင်းတွေကို ထုံးလိုမွှေရေလိုနှောက် သိနေအောင် ကျက်ခဲ့ရတယ် ။ အဲ့တာအပြင် တစ်ခြားဂြိုလ်ပေါ်က အဆိပ်ပင်တွေ ၊ ဆေးဖက်ဝင်အပင်တွေ ၊ လူသားစားအပင်တွေ ၊ အင်းစက်ပိုးကောင်တွေ ၊ သန္ဓေပြောင်းဂြိုလ်သားတွေ အကြောင်းတွေကိုပါ ထပ်မံလေ့လာသင်ယူရတယ် ။

တိုက်ခိုက်မှုအပိုင်းမှာလည်း ကိုယ့်ကိုအားမရတာကြောင့် အဖေဖြစ်သူကို အကူအညီတောင်းခဲ့တယ် ။ သူများတကာထက် ဆယ်ဆလောက်ကိုခက်ခဲတဲ့ အဖေဖြစ်သူရဲ့ ရက်စက်တဲ့ လေ့ကျင့်မှုတွေကို မငြီးမငြူပဲ ကြိုးစားပန်းစားသင်ယူခဲ့တယ် ။ အဖေဖြစ်သူကတော့ သူရဲ့ကြိုးကြိုးစားစား သင်ယူနေမှု့တွေကို ကြည့်ရင်း သဘောကျနေတယ် ။ တစ်ခါတစ်လေဆိုရင် သူ့ကို မညာမတာ တိုက်ခိုက်တက်တာမို့ အရိုးတွေတောင် ကျိုးခဲ့ရသေးတယ် ။

My Lovely Omega [ Completed ] Where stories live. Discover now