part. 30

26.5K 2.7K 11
                                    

ဝမ်ရီပေါ်ဟာ မျက်နှာတစ်ခုလုံးရှုံ့မဲ့နေတဲ့ ကိုကို့ကြောင့် အနားကိုအပြေးသွားလိုက်တယ် ။ ကိုကိုက သူ့ကိုတွေ့တော့ သူ့ရဲ့လက်မောင်းတွေကိုဆိုင်ကိုင်ကာ အကူအညီတောင်းလာတယ် ။

" ဝမ်လေး ကိုကို့ကို အိပ်ယာပေါ်ချီသွားပေး ကိုကို လမ်းမလျှောက်နိုင်တော့ဘူး ''

ကိုကိုပြောတဲ့အတိုင်း ကိုကို့ကိုပွေ့ချီကာ အိပ်ယာပေါ်တင်ပေးလိုက်တယ် ။ ကိုကိုဟာ အဲ့ဒီအခါကျတော့မှ စိတ်သက်သာယာရသွားသလိုမျိုး သက်ပြင်းချလာတယ် ။ ဝမ်ရီပေါ်က နှုတ်ခမ်းတွေဖိကိုက်ထားမိတယ် ။

" အရမ်းနာနေတာလား ကိုကို ''

ကိုကိုဟာ ထျန်ဖုန်းဆိုတဲ့လူ ရောက်လာတယ်ဆိုတဲ့သတင်းကြောင့် အင်္ကျီအထူကြီးဝတ်ကာ ကြယ်သီးကို အပြည့်တပ်ထားတယ် ။ အင်္ကျီက လည်ထောင်ဖြစ်​နေတာမို့ လည်ပင်းက ကိုက်ရာတွေကိုလည်း သေချာဖုံးပေးထားတယ် ။ အခုတော့ ပူနေတဲ့အလား ချွေးစေးတွေထွက်နေတယ် ။ အဲ့တာကြောင့်မို့ ကိုကိုအစား ကိုကိုရဲ့ကိုယ်ပေါ်ကအဝတ်တွေကို သူကိုယ်တိုင်ပဲချွတ်ပေးလိုက်တယ် ။ အဲ့ဒီနောက် ချွေးသုတ်​​ကာ ထပ်မံရေပတ်တိုက်ပေးခဲ့တယ် ။

ကိုကိုရဲ့ခန္ဓာကိုယ်တစ်ခုလုံးက သူ့ရဲ့ကိုက်ရာတွေ၊ အနမ်းတွေရာနဲ့ ပြည့်နှက်နေတယ် ။ လည်ပင်းမှာဆိုရင်လည်း နေရာလွှတ်ကိုမရှိ ။ ရဲပလောင်းခတ်လို့နေတယ် ။ ကိုကိုရဲ့ဂုတ်သားမှာ အမှတ်အသားအဖြစ်ကိုက်ထားတဲ့ သွားရာတွေကလည်း အထပ်လိုက် ။ ကိုကိုရဲ့ဂလင်းဆိုရင် သွေးတောင်မတိတ်သေးဘူး ။

"  ကိုကို ကျွန်တော် တောင်းပန်ပါတယ် ''

ဝမ်ရီပေါ်ဟာ အပြစ်လုပ်ထားတဲ့ ကလေးတစ်ယောက်လိုမျိုး တောင်းပန်နေမိတယ် ။ ကိုကို့ကို နာကျင်စေခဲ့မိပြီ ။

" ရပါတယ်ကွာ ဒါက ရီပေါ်ရဲ့အပြစ်မှမဟုတ်တာ ။ ကိုကို ပေါ့စလို့ဖြစ်သွားတာလေ ။ စိတ်မကောင်းမဖြစ်နဲ့ ဟုတ်ပြီလား?  ''

" ဒါပေမဲ့ ကိုကိုက ကျွန်တော်ကြောင့် နာကျင်နေတာလေ ''

ရှောင်ကျန့်ရဲ့အတွေးတွေက လွန်ခဲ့တဲ့သုံးရက်ကို ပြန်ရောက်သွားခဲ့တယ် ။ အဲဒီနေ့က သူ့ကိုစိတ်ကောက်နေတဲ့ ရီပေါ်ကြောင့် စိတ်ကောက်ပြေအောင်ဆိုကာ လိုချင်တာမှန်သမျှ လိုက်လျောပေးဖို့ဆုံးဖြတ်ခဲ့တယ် ။ အဲ့ဒီနောက်မှာတော့ ရီပေါ်က သူ့ကို ကတိတစ်ခုတောင်းခဲ့ပြီး ထိုကတိကတော့ တစ်နေ့လုံး သူရဲ့အနားမှာ အတူရှိနေပေးဖို့ပင် ။ အဲ့တာကြောင့် ပျော်ရွှင်စွာသဘောတူခဲ့တယ် ။ ညနေဘက်ကျတော့ ရီပေါ်ဟာ ရန်စစ်စီမှာ ယူစရာရှိတယ်ဆိုကာ ခဏထွက်သွားခဲ့တယ် ။

My Lovely Omega [ Completed ] Where stories live. Discover now