part. 22

34.7K 3.2K 24
                                    

ရှောင်ကျန့်ဟာ စိတ်လှုပ်ရှားနေတာမို့ လက်တွေကို အချင်းချင်းပွတ်သတ်နေမိတယ် ။ စစ်ပွဲများစွာကို မကြောက်မရွံ့တိုက်ခိုက်လာတဲ့သူက အခုတော့ စကားလေးတစ်ခွန်းပြောဖို့ပင်မရဲ ။ သူ့ရဲ့အရှေ့ကလူတွေကို မကြည့်ရဲတာမို့ ကြမ်းပြင်ကိုသာ ငုံ့ကြည့်​နေခဲ့တယ် ။

" အဖေ ကျွန်တော် ကိုကို့ကို အမှတ်အသားပေးပြီးသွားပြီ ။ ကျွန်တော် ကိုကိုနဲ့ လက်ထပ်ချင်တယ် ''

ကိုကိုက သူရဲ့စကားကိုကြားတော့ သူ့ကိုခေါင်းမော့ကာ ကြည့်လာတယ် ။ အဲ့တာကြောင့်မို့ ကိုကိုရဲ့လက်လေးကို ခပ်တင်းတင်းဆုပ်ကိုင်ကာ အားပေးလိုက် ။ ဘာမှစိတ်မပူပါနဲ့ ကိုကို ။ ကျွန်တော်က ကိုကိုရဲ့အရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးမှာမို့ ။

" အဖေ ကျွန်တော်နဲ့ကိုကို့ကို ခွဲဖို့မကြိုးစားပါနဲ့ ။ ကျွန်တော် အဖေ့ကိုမမုန်းချင်ဘူး ''

" ဝမ်လေး !.''

ရှောင်ကျန့်က အထိတ်အလန့်ဖြစ်ကာ တားလိုက်တယ် ။ ဝမ်လေးက အထင်လွဲနေတာပဲ ။

ဝမ်ကျားရန်က သားဖြစ်သူရဲ့စကားကြောင့် ဒေါ်သထွက်လွန်းလို့ ကိုယ်တွေတောင် တုန်လာတယ် ။ သူရဲ့သားမိုက်က သွက်သွက်ခါအောင်ရူးနေပြီ ။

" ဝမ်ရီပေါ် မင်း!! အမှိုက်ကောင် !! ရှောင်ကျန့်ကို မင်းဘာတွေလုပ်လိုက်တာလဲ ''

... ခွပ် ....

ဝမ်ရီပေါ်ဟာ သူရဲ့မျက်နှာပေါ်ကိုကျရောက်လာတဲ့ သူ့အဖေရဲ့လက်သီးကို မရှောင်ပဲခံယူခဲ့တယ် ။ သူ့ရဲ့အဖေက သူ့ကိုအတော်လေးဒေါသထွက်နေတာပဲ ။ သူ့အပေါ် လက်ပါလာတာပဲကြည့်လေ ။

ရှောင်ကျန့်က အထိုးခံလိုက်ရတဲ့ ဝမ်ရီပေါ်ရဲ့အရှေ့မှာရပ်ကာ....

" ဦးလေး ဒါက ဝမ်လေးရဲ့အပြစ်မဟုတ်ပါဘူး ။ ကျွန်တော့်ရဲ့အပြစ်တွေပါ ဝမ်လေးကို မထိုးပါနဲ့ ''

" ရှောင်ကျန့် မင်း!! ''

ဝမ်ကျားရန်က မျက်ရည်တွေနဲ့ဝင်တားနေတဲ့ မွေးစားသားဖြစ်သူကိုကြည့်ပြီး အရမ်းဝမ်းနည်းလာတယ် ။ သူ့ရဲ့သားက ဒီကလေးကို အရမ်းချစ်တယ်ဆိုတာသိပေမဲ့လည်း ဒီလောက်အထိ လုပ်ပစ်လိုက်မယ်လို့​တော့ ထင်မထားခဲ့ဘူး ။ အတင်းအကြပ် အမှတ်အသားပေးပစ်လိုက်တယ်တဲ့လား ။

My Lovely Omega [ Completed ] Where stories live. Discover now