part. 7

31.3K 3.6K 41
                                    

ရန်စစ်က ဒီတစ်ခါမှာတော့ အလွန်အံ့အားသင့်သွားတယ် ။ လွန်ခဲ့တဲ့တစ်လလောက်ကမှ စစ်တပ်ထဲ​​ရောက်လာတဲ့ လူသစ်လေးက သူ့ကို စိန်ခေါ်နေတယ်တဲ့လား ။ အဲ့ဒီလူသစ်ကလေးကို သူသိတယ် ။ ရောက်ရောက်ချင်း စီနီယာဖြစ်သူကို သင်ခန်းစာပြန်ပေးလိုက်တာမို့ သူတို့ရဲ့အထူးတပ်ဖွဲထဲက လူတွေတာင် အပြောများနေကြတာ ။ သူလည်းသိချင်တာမို့ ကိုယ်တိုင်သွားကြည့်ပေမဲ့ လူသစ်လေးဟာ သူ့ရဲ့မျက်နှာကို မျက်နှာဖုံး ဖုံးထားခဲ့တယ် ။

မျက်နှာဖုံးတပ်တာက မထူးဆန်းပါဘူး ပုံမှန်ပါပဲ ။ တစ်ချို့တွေက လွတ်လွတ်လပ်လပ် နေရတာကို နှစ်သက်ကြတယ်လေ ။ သူတို့ရဲ့အထူးတပ်ဖွဲ့က ခေါင်းဆောင်တောင် အမြဲမျက်နှာဖုံးနဲ့ပဲ ။ သူတို့ရဲ့ခေါင်းဆောင်က လူရှုပ်တာ​တွေကို မကြိုက်ဘူး ။ အဲ့တာကြောင့်မို့ တစ်ခါတစ်လေ လူမရှိတဲ့နေရာကိုသွားကာ အပန်းဖြေနေတက်တယ် ။ အဲ့ဒီအချိန်ကျရင်တော့ မျက်နှာဖုံးတပ်ထားလေ့မရှိဘူး ။

" မင်းရဲ့အကြောင်းတွေကို ငါကြားဖူးတယ် ။ ဒါပေမဲ့ ငါကတော့ အခုမှဝင်လာတဲ့ဂျူနီယာလေးဆိုပြီး အလျော့ပေးမှာမဟုတ်ဘူးနော် ''

" အင်း ''

ရန်ချင်းက သူ့ကို တစ်ခွန်းတည်းပြန်ဖြေလာတဲ့ ဂျူနီယာအသစ်ကလေးကြောင့် လည်ပင်းအရိုးစူးသွားသလို ခံစားလိုက်ရတယ် ။ ဂျူနီယာလေး မင်းကလေ ငါကိုတောင် မျက်နှာသာမပေးဘူး ။

" ကောင်းပြီ ဂရုစိုက်ပါ ''

ဝမ်ရီပေါ်က အသက်ပြင်းပြင်းရှူထုတ်ကာ တစ်ဖက်လူရဲ့တိုက်ကွက်တွေကို စတင်အာရုံစိုက်လိုက်တယ် ။ သူ့စီကို လေလိုအလျှင်နဲ့ရောက်လာပြီး ညာဖက်ခြေထောက်နဲ့ကန်ဖို့ ကြိုးစားလာတာမို့ လေးမီတာလောက် အပေါ်ကို ခုန်တက်လိုက်တယ် ။ တစ်ဖက်က ဒါကိုခန့်မှန်းထားပုံမရတာမို့ ခဏလောက်ကြောင်အသွားခဲ့တယ် ။ ဝမ်ရီပေါ်က အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူကာ ရန်စစ်ရဲ့ရင်ဘတ်ကို ခြေထောက်နဲ့ ကန်ပစ်လိုက်တယ် ။

ရန်စစ်က ဝမ်ရီပေါ်ရဲ့ကန်ချက်ကို လက်နှစ်ဖက်နဲ့ ကာလိုက်နိုင်ပေမဲ့ အားက ပြင်းလွန်းတာကြောင့် အနောက်ကို လွင့်ထွက်သွားကာ စင်ပေါ်က​နေ ပြုတ်ကျသွားတယ် ။ မယုံကြည်နိုင်တဲ့ မျက်လုံးအကြည့်တွေက ဝမ်ရီပေါ်စီရောက်ရှိလာပြီး တပ်ခွဲသုံးကတော့ အော်ဟစ်အားပေးနေကြတယ် ။

My Lovely Omega [ Completed ] Where stories live. Discover now