part. 41

26.2K 2.7K 27
                                    

ဝမ်ရီပေါ်ဆိုတဲ့သူက ကိုကိုနဲ့ပတ်သတ်လာရင် ဘယ်အရာကိုမှ စောင့်ထိန်းတက်တာမဟုတ်ဘူး ။ သွေးအေးရက်စက်တဲ့ လူသတ်သမားလို့တောင် ပြောလို့ရတယ် ။ ရှောင်ကျန့်ဆိုတဲ့လူသားကို နာကျင်စေတဲ့လူမှန်သမျှ အကုန်သတ်ပစ်မှာ ။ အကျယ်ကြီးအော်ရယ်မိတော့ ကိုကို့ကို စော်ကားမော်ကားပြောနေတဲ့ ကျီလျုံရဲ့စကားသံတွေက တိကနည်းဖြတ်ချခံလိုက်ရသလို ချက်ခြင်းရပ်တန့်သွားခဲ့တယ် ။

" ဘာလို့တိတ်သွားတာလဲ ဆက်ပြောလေ? ဒါနဲ့ဘယ်လိုလုပ်မလဲ ခင်များက ကိုကို့ကို မထိလိုက်ရတဲ့အတွက် ဝမ်းနည်းနေတာဆိုတော့ ။ မပူပါနဲ့ အဲ့ဒီအချိန်တုန်းက ကျုပ်ဘယ်လိုခံစားရလဲဆိုတာကို ကျုပ်က ခင်များကို သေချာသေချာပြန်ပြောပြပေးမှာပါ အဟက်! ''

"..........''

" ခင်များက ကိုကို့ကို ကျုပ်ရဲ့မျက်စိအရှေ့မှာပဲ ယုတ်မာဖို့ကြိုးစားခဲ့တယ် ။ ဘယ်လိုလဲ နေရာပြောင်းပြီး တစ်ခါလောက်ခံစားကြည့်မလား? ''

" မင်း !! "

အဲ့ဒီအချိန်မှာပဲ အချုပ်ခန်းအထဲကို ရောက်ရှိလာတဲ့ မိန်းကလေးတစ်ယောက် ။ သူမရဲ့နာမည်က ကျီယွဲ့ဖြစ်ပြီး စိုးရိမ်ကြောက်လန့်မှုတွေကြောင့် ငိုရှိုက်နေခဲ့တယ် ။

ကျီလျုံဟာ ထိုမိန်းကလေးကို မြင်သွားတဲ့အခါမှတော့ မျက်နှာအကြီးအကျယ် ပျက်သွားတယ် ။ ကျီယွဲ့!! သူ့ရဲ့ညီမလေး ။ ဝမ်ရီပေါ်က သူရဲ့ညီမကို သူတို့ရဲ့ရန်ကြွေးတွေထဲ ထည့်လာခဲ့တယ် ။ ကျီလျုံက သူ့ကို လှောင်ပြုံးပြုံးပြနေတဲ့ ဝမ်ရီပေါ်ကိုကြည့်ကာ ဒေါသတကြီးအော်ဟစ်မိတယ် ။

" ဝမ်ရီပေါ် ဒါကငါ့ကိစ္စ ငါ့ကိုပဲရှင်း ငါ့ရဲညီမနဲ့ ဘာမှမပတ်သတ်ဘူး ''

" အဟက်! ဘာလို့မပတ်သတ်ရမှာလဲ? သူက ခင်များရဲ့ညီမလေ သေချာ​ပေါက်ပတ်သတ်တာပေါ့ ''

" ဝမ်ရီပေါ်!!! ''

" ဒါပေမဲ့ စိတ်မပူနဲ့ ကျွန်တော်က ခင်များရဲ့ညီမကို ထိမှာမဟုတ်ဘူး တစ်ခြားလူတွေကပဲထိမှာ ။ ကျွန်တော်က ရွံတက်တယ် ''

" မင်းလွန်လာပြီ ''

" လွန်တယ်? အဲ့ဒီစကားကိုပြောရမဲ့လူက မှားများမှားနေသလား? ခင်များအလည့်ကျမှ နာတက်နေလိုက်တာ ။ သူများကိုလုပ်ရဲရင် ကိုယ်လည်းပြန်ခံရဲရမယ်လေ ''

My Lovely Omega [ Completed ] Where stories live. Discover now