part. 44

28.7K 2.7K 20
                                    

သူနိုးလာတဲ့အချိန်မှာတော့ ကိုကိုက အိပ်ပျော်နေတုန်းပဲ ။ အဲ့တာကြောင့်မို့လို့ ကိုကို့ရဲ့မျက်နှာလေးကို မျက်တောင်မခတ် ငေးကြည့်နေမိတယ် ။ ကိုကိုရဲ့မျက်နှာလေးက ပြောင်ရှင်းနေပြီး ချွေးပေါက်သေးသေးလေးတွေကိုတောင် မတွေ့ရဘူး ။ ပါးပြင်နုနုလေးဆိုရင် သွေးကြောစိမ်းစိမ်းလေးတွေကို မြင်နေရတဲ့အထိပဲ ။ မျက်တောင်လေးတွေကလည်း ကော့စင်းနေတယ် ။ စွဲမက်ဖွယ်ကောင်းတဲ့ နှုတ်ခမ်းလေးကတော့ သူ့ကြောင့် သွေးစို့ကာဖူးယောင်နေတယ် ။

နှုတ်ခမ်းအောက် မှည့်နက်လေးကလည်း ကိုကိုရဲ့ချောမောလှပမှုတွေကို ပိုထောက်ပံ့ပေးနေတယ် ။ ယောကျာ်းလေးတစ်ယောက်ကို လှတယ်လို့မသုံးသင့်ပေမဲ့ တစ်ခါတစ်ရံမှာတော့ ကိုကိုက မိန်းကလေးရှုံးအောင် လှရက်လွန်းတယ် ။ ရှည်လျားတဲ့အရပ်ကြီးကို ဖယ်လိုက်ရင် ကိုကိုက အတော်လေးချစ်ဖို့ကောင်းသွားမှာ ။

နေရောင်ခြည်က ကိုကိုရဲ့ခန္ဓာကိုယ်အပေါ်ကို ကျရောက်လာတဲ့အချိန်မှာတော့ မျက်မှောင်ကျုံ့မိတယ် ။ ကိုကိုရဲ့မျက်နှာပေါ်ကျရောက်နေတဲ့ နေရောင်ခြည်တွေကို သဝန်တိုပါတယ်လို့ဆိုမိရင် သူကို အရူးလို့မှတ်ယူသွားကြမလား? ။ ဒါဆိုရင်လည်း သူက အစတည်းကရူးနေပြီးသားဖြစ်တယ် ။

" ဝမ်လေး ''

" မောင်လို့ခေါ်ပါဆို ကိုကိုကလည်း ''

".........''

" လုပ်ပါနော် မောင်လို့ခေါ်ပေးပါနော် ကိုကိုစီက မောင်ဆိုတဲ့အသံလေးကို ကြားချင်လိုပါ ''

ကလေးတစ်ယောက်လိုမျိုး ချွဲပြလိုက်တော့ ကိုကိုဟာ နှုတ်ခမ်းလေးတွေကို ဖိကိုက်လညတယ် ။ ကိုကိုက သူချွဲတာကို ဘယ်တုန်းကမှ တောင့်မခံနိုင်ဘူး ။

" ဝမ်လေး ကိုကို ရေချိုးခန်းထဲသွားချင်လို့ ဖယ်ပေး ''

" ကိုကိုကလည်း မောင်ပါဆိုနေမှ ''

" ရေ... ရေချိုးမလို့ ဖယ်ပေး မောင် ''

" ကိုကိုက လမ်းလျှောက်နိုင်လို့လား ? မောင်ချီမယ်လေ ''

" ရ... ရတယ် အ့ာ! ''

ကိုကိုဟာ သူ့ရဲ့ရင်ခွင်ထဲကနေ အတင်းရုန်းထွက်လို့နေတယ် ။ အဲ့တာကြောင့်မိုလို့ သက်ပြင်းချကာ လွှတ်ပေးလိုက်တယ် ။ ဟူး! ကိုကိုက အရမ်းကိုရှက်နေတာပဲ ။ အခုလည်း သူ့စိုက်ကြည့်နေကြောင့် ဗလာကျင်းဖြစ်နေတဲ့ကိုယ်လေးကို အိပ်ယာပေါ်က စောင်တွေနဲ့ပတ်ထားတယ် ။

My Lovely Omega [ Completed ] Where stories live. Discover now