part. 36

23.6K 2.6K 21
                                    

ဇန်ဇီနိုင်ငံရဲ့အတွင်းရေးကတော့ အနည်းငယ်ရှုပ်ထွေးနေတယ် ။ မင်းသားကိုးက သူရဲ့ခွန်အားအစစ်အမှန်တွေကို လျှို့ဝှက်မထားတော့ပဲ ဒီတစ်ခေါက်ညီလာခံမှာ ဖော်ထုတ်ခဲ့တယ် ။ ဘုရင်ဟာ အစကတော့ အိမ်ရှေ့စံမင်းသားရဲ့အရည်အချင်းကို ပိုနှစ်သက်တာကြောင့် အိမ်ရှေ့စံမင်းသားကို သူ့ရဲ့ထီးနန်းလွှဲပြောင်းပေးဖို့ ဆုံးဖြတ်ထားတာဖြစ်တယ် ။ ဒါပေမဲ့ မင်းသားကိုးရဲ့အရည်အချင်း အစစ်အမှန်တွေကို ​​မြင်လိုက်ရတဲ့အခါမှာတော့ အနည်းငယ်ပြောင်းလဲလာတယ် ။

အိမ်ရှေ့စံမင်းသားထက်စာရင် မင်းသားကိုးက ပိုသနားကြင်နာတက်တာမို့ မင်းသားကိုးသာ ဘုရင်ဖြစ်သွားရင် ပြည်သူပြည်သားတွေအတွက် ပိုကောင်းမယ်ဆိုတာကို ဘုရင်ကသိနေခဲ့တယ် ။ ဒါပေမဲ့လည်း မင်းသားကိုးဟာ အိမ်ရှေ့စံမင်းသားလောက် ပြတ်သားမှုမရှိ​သေးဘူး ။ အထူးသဖြင့် လူ့အသက်တွေနဲ့ ပတ်သတ်လာတဲ့အချိန်မှာပေါ့ ။ ဘုရင်ဟာ မင်းသားနှစ်ပါးအကြား ရွေးချယ်ရခက်နေခဲ့တယ် ။

ဘုရင်တစ်ပါးက မပြတ်မသားဖြစ်နေလို့မရဘူး ။ စိတ်သဘောထားလည်း အရမ်းပြည့်ဝနေလို့မ​ဖြစ်ဘူး ။ ဒါတွေက အားနည်းချက်ဖြစ်လာလိမ့်မယ် ။ ခက်တာက မင်းသားကိုးဟာ အရမ်းကိုမှတွေဝေတက်တာပဲ ။ အိမ်ရှေ့စံမင်းသားလောက် ပြတ်သားမှုမရှိဘူး ။ အိမ်ရှေ့စံမင်းသားကျတော့လည်း အရမ်းရက်စက်လွန်းတယ် ။ သူက သူ့ရဲ့လက်အောက်ငယ်သား​တွေကိုတောင် သည်းခံတက်တာမဟုတ်ဘူး ။ အဲ့တာကြောင့်မို့လို့ ဘယ်သူက ပိုသင့်တော်လဲဆိုတာကို ဆုံးဖြတ်ချက်မချနိုင်ခဲ့ဘူး ။ စောင့်ကြည့်နေဖို့သာ ရွေးချယ်ခဲ့တယ် ။

တစ်ခြားတစ်ဖက်မှာတော့ ကျီလျုံဟာ ပေါက်ကွဲတော့မဲ့ဗုံးလို ဖြစ်နေခဲ့တယ် ။ မင်းသားကိုးက သူရဲ့နောက်ကွယ်မှာ တပ်ဖွဲ့တစ်ဖွဲ့ကို တိတ်တစိတ်ဖွဲ့စည်းထားတယ်တဲ့လား? ။ သူက ခဏလေးလျစ်လျူရှုမိတာနဲ့ ချက်ခြင်းကိုရဲတင်းလာတော့တာပဲ ။ ကျီလျုံက ဒေါသတကြီးဆိုလိုက်တယ် ။

"ကျစ်! မင်းတို့တွေက တော်တော်စောက်သုံးမကျတဲ့ကောင်တွေပဲ သူ့ကိုသေချာစောင့်ကြည့်​နေဖို့ ငါအမိန့်ပေးမထားဘူးလား!! "

My Lovely Omega [ Completed ] Where stories live. Discover now