part. 16

31.9K 3.3K 15
                                    

ရှောင်ကျန့်က ပြန်သတိရလာတဲ့အခါမှာတော့ ဆရာဖြစ်သူကို တွေ့လိုက်ရတာကြောင့် အံ့သြသွားခဲ့တယ် ။ ဆရာက ဘယ်လိုလုပ်ပြီး သူ့စီရောက်လာရတာလဲ ? ။ ဆရာဖြစ်သူရဲ့အကြောင်းကို ကောင်းကောင်းသိ​နေတဲ့အတွက် စိတ်ထဲမှာလည်း ထူးဆန်းနေတယ် ။ ဘာလို့လဲဆိုရင် သူ့ရဲ့ဆရာက ကိစ္စကြီးကြီးမားမားမရှိရင် သူစီကိုမလာတက်လို့ပဲ ။ ဆရာက သူ့အပေါ်မှာ သံယောစဉ်ရှိပေမဲ့ အဲ့တာတွေကို ပေါ်လွင်အောင်ဖော်ပြတာမဟုတ်ဘူး ။ သူ့ကို နောက်ကွယ်ကနေသာ စောင့်ကြည့်ပြီးကာကွယ်ပေးတက်တာ ။

အခန်းထဲကို မျက်လုံးဝေ့ကြည့်မိတော့ ဆရာဖြစ်သူအပြင် မွေးစားအဖေဖြစ်တဲ့ ဦးလေးဝမ်းကျားရန် နဲ့ လျိုမင်ကိုပါတွေ့လိုက်ရတယ် ။ ရှောင်ကျန့်က အရမ်းတုန်လှုပ်သွားတယ် ။ မဟုတ်မှလွဲရော လျိုမင်က သူ အိုမီဂါတစ်ယောက်ဆိုတာကို ဆရာနဲ့ဦးလေးကို ပြောပြလိုက်ပြီလား? ။ သူ့ကိုကြည့်နေတဲ့ လျိုမင်ရဲ့မျက်နှာမှာလည်း အပြုံးတွေနဲ့ ။

" အားကျန့် ဒီလောက်အရေးကြီးတဲ့ကိစ္စကို အချိန်အကြားကြီး ဘာလို့ဖုံးကွယ်ထားရတာလဲ ? ။ ဆရာကိုတောင် မယုံကြည်ဘူးလား ?''

ရှောင်ကျန့်က ဆရာဖြစ်သူရဲ့စကားကြောင့် ကိုယ့်အပြစ်ကိုသိနေတာမို့ ခေါင်းကိုငုံ့မိသွားတယ် ။ အမှန်တော့ မယုံကြည်လို့မဟုတ်ဘူး ။ သူကြောင့် စိတ်ညစ်သွားမှာကိုကြောက်လို့ ဖုံးကွယ်ထားခဲ့မိတာ ။

" အဲ့ဒီလိုမဟုတ်ပါဘူး ကျွန်တော်အတွက်နဲ့ ဆရာတို့ကို စိတ်မညစ်စေချင်လို့ပါ ''

" တကယ်လို့ လျိုမင်သာမပြောရင် ဘယ်အချိန်အထိ ဆရာနဲ့မင်းမွေးစားအဖေကို လျှို့ဝှက်ထားမှာလဲ? ''

" ကျွန်တော်... ကျွန်တော်က...  ''

" အားကျန့် ဒီတစ်ခါတော့ မင်းအရမ်းမှားတယ် ။ ဆရာက မင်းကိုအသိဉာဏ်ရှိတဲ့ ကလေးလို့ထင်နေတာ ။ မင်းက အားလုံးကို တစ်ယောက်တည်း​ကြိတ်ပြီး ခံစားနေမယ်မှန်းမထင်ခဲ့မိဘူး ။ အဲ့တာကြောင့် သေစေနိုင်တဲ့မစ်ရှင်တွေကိုပဲရွေးလုပ်ပြီး ကိုယ့်ကိုသန်မာလာအောင် လေ့ကျင့်ခဲ့တာမလား ? ။ ဆရာက တော်တော်အသုံးမကျတဲ့လူပဲ ။ ကိုယ့်တပည့်ရဲ့အခက်အခဲတွေကိုတောင် မသိခဲ့ဘူးဆိုတော့ ''

My Lovely Omega [ Completed ] Where stories live. Discover now